12

22K 1.7K 51
                                    

  " ဟူး..."

ယွင်ရှန်း.သက်ပြင်းရှည်တစ်ခုချပြီး.တစ်နေ့လုံးကြိုးစားပန်းစား ချက်ပြီး.. စားပွဲပေါ်မှာတင်ထားသောဟင်းပွဲတွေကို ခါးထောက်ကာကြည့်နေသည်။ မှတ်စုစာအုပ်ထဲတွင်
ချက်ပြုတ်နည်းနဲ့ အမျိုးအမယ်တွေကို ရေးရင်း..စဉ်းစား
ခန်းထုတ်နေသည်။တစ်ခုချင်းဆီကို မြည်းကြည့်တေညလ
အရသာက မဆိုးပေမယ့် ဆန်းသစ်တာမျိုး မဖြစ်သေးဘူး။

တစ်နေကုန် အသစ်တစ်ခုထွင်ကြည့်ဖို့ကြိုးစားနေပေမဲ့
အခုထိidea အသစ်ကိုမရသေးတာက ညနေစောင်းခါနီး
အထိပဲ။

" အကိုကျန့်သာရှိရင် အကြံဉာဏ်တောင်းလို့ရသေးတယ်။
တော်ပြီ. ဒီနေ့ဒီလောက်ပဲ။ ရက်တွေလည်း လိုသေးတော့ အေးဆေးမှီပါတယ်"

ချက်ထားတဲ့ဟင်းပွဲတွေကိုထမင်းဗူးတွေထဲသေချာထည့်ကာ.ယွင်ရှန်းတစ်ယောက်တည်း ပြုံးနေသည်။ ထိုဟင်းတွေထဲ
ကမှ မဆီမဆိုင် ကြက်ဥအလိပ်ကလေးတွေကလည်း ပါဝင်နေသေးတယ်။ ဒါကို တမင်သူလုပ်ထားတာပဲဖြစ်တယ်။

"ရိပေါ်ကိုဒါတွေ မြည်းခိုင်းရမယ်...
ငါချက်တာဆို သူအရမ်းကြိုက်တာ."

ယွင်ရှန်းအခုထိမှတ်မိနေသေးတယ်။ ကျောင်းမှာတုန်းကဆို နေ့လယ်စာစားချိန်တိုင်းသူ့ထမင်းဗူးကိုပဲအမြဲရန်လာရှာ
တက်တဲ့လူဆိုးကောင်ဝမ်ရိပေါ်အကြောင်းကိုမေ့တဲ့အချိန်
မရှိခဲ့ဘူး။

အထူးသဖြင့်  သူ့ထမင်းဗူးထဲက ဘာမှဟုတ်တဲ့ ကြက်ဥလိပ်ကြော်လေးကို အမြဲလာလာလုစားတက်လွန်း
လို့ ရိပေါ် အတွက်ပါ ပိုပြီးကြော်လာပေးရသေးတယ်။ မင်းကသူဌေးသားပဲကို ဒီထက်ကောင်းတာတွေစားရမှာ
ဘာလို့ ငါ့ကြက်ဥကြော် ကိုရန်လာရှာနေတာလဲလို့မေးလိုက်
တုန်းက ရိပေါ်ပြန်ဖြေတဲ့စကားလေးအခုထိ မှတ်မိနေတုန်းပဲ။

"မင်းရဲ့ကြက်ဥကြော်က.ဒီတစ်လောကလုံးမှာ
အရသာအရှိဆုံးမို့လို့ပဲမင်း ငါ့အိမ်မှာ တစ်သက်လုံးဟင်းလာချက်ပေးမလား"တဲ့

မင်းဘက်ကတော့ ဒီအတိုင်းပြောလိုက်နေပါမယ်။
ငါက စကားတွေကို အထန ကောက်ပြီး.တစ်ချိန်လုံးတွေးနေမိ
တယ်။ မင်းမမြင်လိုက်ဘူးမဟုတ်လား..ရှက်လို့ မျက်နှာတွေနီရဲသွားတဲ့ငါ့ကို။

𝚆 𝙷 𝚈 ?Where stories live. Discover now