24

19.7K 1.8K 144
                                    

ညမိုးချုပ်တော့မှာဖြစ်တာကြောင့် ယွင်ရှန်း တံခါးအပြင်ကို
ထွက်ကြည့်လိုက်.ဧည့်ခန်းထဲပြန်ဝင်လိုက်နဲ့အငြိမ်မနေ
နိုင်ဖြစ်နေသည်။ဆက်သွယ်လာမလားလို့တွေးရင်းလက်ထဲမှာ
လည်းဖုန်းကိုကိုင်ထားသေးတယ်။

"အကိုကျန့်ရာ.ဘာလို့ပြန်မလာသေးတာလဲ. မိုးတောင်ချုပ်တော့မယ်"

အခန်းထဲမှာ တစ်နေကုန်ငြိမ်နေရာကနေ ညမိုးချုပ်ခါနီးမှ ထထွက်လာတဲ့ ရိပေါ်အိမ်ရှေ့မှာဟိုဘက်လျောက်လိုက်နေတဲ့
ယွင်ရှန်းဆီကို သွား၍မေးလိုက်သည်။ မျက်လုံးကလည်း အိမ်တံခါးဆီကြည့်၍ ဖိနပ်လေးတစ်စုံ ရောက်ရှိနေဦးမလားလို့
မျှော်လင့်နေသေး၏။

"ယွင်ရှန်း ဘယ်လိုလဲ
ကျန့်ကောဆီက အဆက်သွယ်ရလား.."

မသာမယာမျက်နှာနဲ့အတူ ခေါင်းခါပြနေတဲ့ယွင်ရှန်း ဖြေလာတဲ့စကားကြောင့် ရိပေါ် စိတ်တိုတိုနဲ့ ကိုယ့်ဆံပင်ကိုယ် လက်ချောင်းတွေဖြင့် ထိုးစွလိုက်တယ်။

"ဖုန်းကလည်းကျန်နေခဲ့တယ် အခုထိ လည်း
ပြန်မလာသေးဘူးအကိုကျန့်အပြီးထွက်သွားတာတော့
မဟုတ်လောက်ဘူးမလား။ ဒီအချိန်ကြီး သွားလောက်
တဲ့နေရာလည်းမရှိပဲ"

ဒီလူပြန်မလာသေးတာတစ်ခုနဲ့ ပူလောင်လာတဲ့ရင်အစုံကြောင့်
ပေါ်တင်ထုတ်မပြပဲ ရိပေါ်အံကိုကြိတ်ပြီး ပြောသည်။

"ငါသွားရှာမယ် ကျန့်ကောသွားတက်တဲ့
နေရာတွေစဉ်းစားထား"

အပြင်မှာလိုက်ရှာဖို့ဆုံးဖြတ်လိုက်ပြီးအဝတ်စားလဲဖို့ သွားရန်
ပြင်တော့ ယွင်ရှန်းကသူ့လက်ကိုလှမ်းဆွဲထားသည်။ထို
သို့ဆွဲထားခြင်းကလည်းစက္ကန့်ပိုင်းမျှသာကြာမြင့်ပြီး နောက်
သူ့အားမကြည့်သည့် ယွင်ရှန်းက ဆိုဖာတွင် ထိုင်လိုက်
သည်။

"ခဏလေး...ရိပေါ် ငါအခု စဉ်းစားမိတာတစ်ခုရှိတယ်။
ဒီကိုပြန်မလာဘူးဆိုရင်အကိုကျန့်. သူ့အိမ်ကိုသူပြန်သွားဖို့ ဆုံးဖြတ်လိုက်တာဖြစ်နိုင်တယ်။တကယ်လို့ ပြန်မှာ
သေချာတယ်ဆိုရင် အကိုကျန့် သူ့မိသားစုကို ဆက်သွယ်မှာပဲ"

"ငါဖုန်းဆက်ပြီး မသိမသာအကျိုးအကြောင်း
မေးကြည့်မယ်။ မဟုတ်ရင် အန်တီစိတ်ပူနေလိမ့်မယ်။ "

𝚆 𝙷 𝚈 ?Where stories live. Discover now