44

10.3K 1.2K 27
                                    

ညစာအတူတူစားချိန်မှာလည်း သားဖြစ်သူရဲ့ ဖြစ်ပျက်နေ
တဲ့ မျက်နှာထားကြောင့် ဝမ်ထျန်းထမင်းစားတောင်မဝင်ချင်
တော့ပဲ တူကိုပြန်ချလိုက်တယ်။ ရှောင်းကျန့်ကတော့ ခေါင်းကိုငုံ့ထားပြီး ထမင်းစားနေတာလား တူကိုကိုက်နေတာလားမသဲကွဲပေ။

"မင်းတို့လက်ထပ်မယ်ဆိုတာကိုငါသဘောတူ ထားပြီးပြီလေ. ဘာတွေမကျေနပ်နေသေးတာလဲ။ "

ရိပေါ်ကိုယ်တိုင်ပါ လက်ထဲကဇွန်းကိုအသံမြည်တဲ့အထိ စားပွဲပေါ်တင်ထားပြီး ပါးကိုကြည့်ကာပြောလိုက်တယ်။

 " ပါးက သဘောတူနေတာလား
ကျွန်တော်တို့ကိုအနုနည်းနဲ့ခွဲနေတာလား။အဲ့တာပဲရှင်းအောင်ပြော "

ငြိမ်ငြိမ်လေးနေနေတဲ့ရှောင်းကျန့်ကတော့ စကားအချေအတင်
တွေဖြစ်ကုန်မှာစိုးတော့စားပွဲအောက်ကနေ ရိပေါ်လက်ကိုအုပ်ကိုင်ထားသည်။

 "ဘာလဲ ကိုယ့်ဖအေတောင် ကိုယ်မယုံဘူးလား
မင်းတို့ကို သဘောတူတယ်ဆိုတာပြောပြီးသား
တစ်နှစ်ဆိုတဲ့အချိန်ကဘယ်လောက်ကြာမှာလဲနောက်တစ်ခုက ကုမ္မဏီကိုလွယ်လွယ်နဲ့ဆက်ခံတယ်ဆိုတဲ့
အတင်းစကား ရှယ်ယာရှင်တွေကြားထဲပြောစေချင်လို့လား"

ပါးပြောတာတွေကမှန်နေတော့လည်း ရိပေါ်ဘာမှဆက်မပြောနိုင်ပဲငြိမ်နေသည်။သူ့ကိုကြည့်နေတဲ့ကျန့်ကောမျက်နှာလေးကိုမြင်တော့လည်း
ပါးပြောတာတွေကိုလက်မခံချင်ဖြစ်နေသည်။

 "အဲ့တာဆိုလည်း.. ကောကိုပါ ခေါ်သွားချင်တယ်။  ကျွန်တော် ခွဲမနေနိုင်ဘူး."
  
ဝမ်ထျန်း စိတ်ပျက်လက်ပျက်ဖြင့်စားပွဲကိုထုကာ ထရပ်လိုက်ပြီး ထွက်မသွားခင်ပြောလိုက်တယ်။

"  အေး ခေါ်လာခဲ့. နောင် CEO ဖြစ်လာမယ့် သူက
ယောက်ျားချင်းချစ်နေကြတဲ့ဆိုတဲ့အကြောင်း
ကုမ္မဏီတစ်ခုလုံးသိရုံအပြင် သတင်းစာထဲမှာ
ပါလာချင်ရင်ပေါ့ "

"လူတစ်ယောက်ကိုစောင့်ရှောက်ချင်ရင် ကိုယ်ကိုယ်တိုင်က
အဲ့ဒီလူကိုစောင့်ရှောက်နိုင်မယ့်အရည်ချင်းရှိရမယ်။ မင်းအခုလုပ်ပုံက မဟုတ်သေးဘူး..ငါသဘက်ခါ ညနေflight နဲ့ပြန်မယ် သေချာ စဉ်းစားထား.   "
.
.
.

𝚆 𝙷 𝚈 ?Where stories live. Discover now