5

24.1K 1.8K 64
                                    

အပူလောင်သွားသည့် လက်ကိုအအေးခံပေးနေရင်း
အနောက်ဘက်ကနေမြင်နေရတဲ့ခပ်ညိုညိုဂုတ်သားလေးက
ကော်လံအောက်ကနေ ထင်းထွက်လို့နေတယ်။ညိုပြီး ၀င်းနေသည်မို့.. အသားရည်တော်တော်လှသည့် လူပဲ လို့ ရိပေါ်တွေးမိလိုက်သေးသည်။

"ရလောက်ပြီထင်တယ် ဖယ်. ဖယ်ပေးတော့လေ"

အနောက်ကနေ သိုင်းဖက်ထားသလို အနေထားက ကြာလေ
အဆင်မပြေလာလေမို့ ပုခုံးကိုတွန့်ကာ ရုန်းရင်း ပြောရသည်။
အဲ့တော့မှ ၀မ်ရိပေါ်က သူ့လက်တွေကို လွှတ်ပေးတယ်။

အဆင်ပြေပြီဆိုလို့ ရှောင်းကျန့်ရဲ့ လက်ကိုလွှတ်ပေးပြီး
ရိပေါ် အနောက်ကိုနည်းနည်းဆုတ်ပေးလိုက်တယ်။
သူ့အား မရဲတရဲလေးလှည့်ကြည့်လာ တဲ့ရှောင်းကျန့်ရဲ့
မျက်နှာကိုစိုက်ကြည့်နေရင်းသူ့နှုတ်ခမ်းကဒဏ်ရာကို
သတိရသွားသည်။ ခွင့်လွှတ်ချင်ပေမယ့်ကြောက်နေတဲ့
ရုပ်ကလေးမို့.. ပိုပြီးကြမ်းကြမ်းတမ်းတမ်းလုပ်ချင်လာတယ်။

ရှေ့ကိုတိုးသွားပြီး ရှောင်းကျန့် မျက်နှာကိုညှစ်ကာ လက်တစ်ဖက်ဖြင့် ရိပေါ် သူ့နှုတ်ခမ်းသူ ထိုးပြနေသည်။

" ဒီကိစ္စမကျေသေးဘူးနော်
ခင်ဗျားနဲ့ ကျုပ် ရှင်းရဦးမယ်"

နှုတ်ခမ်းကိုလက်နဲ့ထိုးပြကာပြောလိုက်တဲ့ဝမ်ရိပေါ်စကား
ကြောင့်.အံကြိတ်ပြီး စိတ်ထဲကနေမကောင်းပြောလိုက်တယ်။အရိုင်းကောင်နဲ့ဆက်ငြင်းနေရင်မကြာခင်ယွင်ရှန်းရောက်လာတာနဲ့တိုးသွားမှာစိုးတော့ ခေါင်းကို ညိတ်ပြလိုက်ရတယ်။

" အင်း.. သိတယ်"

သူ့ရှေ့မှာမျက်လုံးလေးဟိုရောက်လိုက်
ဒီရောက်လိုက်နဲ့တွေးနေတဲ့ရှောင်းကျန့်ကိုကြည့်
ပြီး တစ်ချက်ပြုံးရုံလေးပြုံးလိုက်တယ်။ သူပြောတဲ့စကားကို
ပြန်ဖြေဖို့ တော်တော်စဉ်းစားနေရတဲ့ပုံပဲ။ မျက်နှာ ကိုကိုင်ထား
တဲ့လက်ကိုလွှတ်ပေးပြီးတာနဲ့ ရှောင်းကျန့် ရဲ့ တွန့်ကျေ
သွားတဲ့ အင်္ကျီကို သေချာ ဆွဲချပြီး ဆန့်ပေးသည်။

"အချိန်တိုင်းကြောက်စရာမလိုပါဘူး
ကျုပ် က အဲ့လောက်ထိ.

"မင်းကို. ဘယ်သူကကြောက်တယ်ပြောလို့လဲ. "

𝚆 𝙷 𝚈 ?Where stories live. Discover now