ရိပေါ်ရဲ့ သုန်မှုန်နေတဲ့ မျက်နှာကို ယွင်ရှန်း ခိုးကြည့်ပြီး
ပြုံးရွှင်လျှက်မေးသည်။အခုရိပေါ်ရဲ့ ခပ်မှုန်မှုန်မျက်နှာက သူ့အားသ၀န်တိုနေတာလား သာမန်အတိုင်းပဲလားဆိုတာကို
လည်း အကဲခတ်ကြည့်နေပါသေးတယ်။"ရိပေါ်.ငါတို့သုံးယောက်အတူတူအပြေးလေ့ကျင့်ကြမလား
ဒီနားကပန်းခြံကအကျယ်ကြီးပဲသွားရအောင်လေ"အပြေးလေ့ကျင့်ကြမယ်ဆိုတဲ့ စကားကိုမဖြေခင် ရိပေါ်က
ယွင်ရှန်းကိုကျော်ပြီးအနောက်မှာရပ်နေတဲ့ ရှောင်းကျန့်ကို
အကြည့်စူးစူးတွေနဲ့ကြည့်တယ်။ သူတင်းနေတာကို သိဟန်
တူ..မျက်လုံးတွေကို ဟိုလွှဲဒီလွဲနဲ့။ ယွင်ရှန်းကိုတော့ပြုံးပြပြီး
ခေါင်းညိတ်၍ ဖြေသည်။" ငါ. မျက်နှာသွားသစ်လိုက်ဦးမယ်။
အတူသွားကြတာပေါ့ "ယွင်ရှန်းကိုအားနာပေမယ့် ၀မ်ရိပေါ် နဲ့ အတူတူ တစ်လမ်းတည်းမသွားချင်တာနဲ့ ရှောင်းကျန့် ဟန်ဆောင်ပြီး ပြောလိုက်တယ်။ ဘယ်မှာသွားနေမှ ၀မ်ရိပေါ်နဲ့ ဝေးဝေး
နိုင်မှာလဲ မသိဘူး။ သူ့အတွက်မဟုတ်ရင်တောင် ယွင်ရှန်း
အတွက်ဖြစ်ဖြစ် ၀မ်ရိပေါ်နဲ့.. ဝေးလေ ကောင်းလေပဲ။"ယွင်ရှန်း. ကိုယ်မလိုက်တော့ဘူး
မနေ့တည်းက ခြေထောက်နည်းနည်းနာနေလို့.""အကို.ဘယ်လိုဖြစ်လို့လဲ. အရမ်းနာနေတာလား ကြည့်ရတာ ဟိုလက ဆိုင်မှာ မီးလုံးပြင်ရင်း ပြုတ်ကျတုန်း
က ဒဏ်ရာပြန်ဖြစ်တာလားမသိဘူး.. "ယွင်ရှန်းပြောလည်းပြော ရှောင်းကျန့်လက်ကိုဆွဲကာ ခုံပေါ်မှာ
ထိုင်ခိုင်းလိုက်တယ်။ အသုံးဆောင်တွေထည့်သည့် အံဆွဲ
အကန့်ထဲမှ.."အရိုးအဆစ်တွေက သတိထားရတယ် အကိုရဲ့
ကျွန်တော် ဆေးလိမ်းပေးမယ်"နောက်တော့ခြေထောက်ကိုမကာ ကိုင်လိုက်တော့.
ရှောင်းကျန့်လန့်ပြီး.ယွင်ရှန်းလက်ကိုကိုင်၍တားလိုက်တယ်။
ဆေးလိမ်းပေးတာလောက်က ယွင်ရှန်းနဲ့ သူ့ကြားမှာ
ခဏခဏဖြစ်နေကြ သာမန်ကိစ္စတွေဆိုပေမယ့်.. ဘေးမှာ
ဝမ်ရိပေါ် ရှိနေတော့။ပြီးတော့ ဒီလိုမျိုး သူ့ကို အစ်ကို အရင်းတစ်ယောက်လို ဂရုစိုက်ပေးတဲ့ယွင်ရှန်းကို မျက်နှာပူတာလည်း ပါတယ်။
YOU ARE READING
𝚆 𝙷 𝚈 ?
Fanfic𝙄 𝙝𝙖𝙩𝙚 𝙮𝙤𝙪 𝙛𝙤𝙧 𝙣𝙤 𝙧𝙚𝙖𝙨𝙤𝙣, 𝙩𝙝𝙚𝙣 𝙄 𝙛𝙚𝙡𝙡 𝙞𝙣 𝙡𝙤𝙫𝙚 𝙬𝙞𝙩𝙝 𝙮𝙤𝙪 𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙧𝙚𝙖𝙨𝙤𝙣.... 𝙒𝙃𝙔 ?