32

18K 1.9K 90
                                    

ထိုနေ့၏ ညစာစားပြီးသွားချိန်မှာ ဆေးစရာပန်းကန်
တွေပြီးတာနဲ့ရိပေါ် မီးဖိုခန်းထဲကနေထွက်လာလိုက်သည်။
အနားယူလို့ရပြီလို့ အန်တီပြောထားတဲ့အတွက် ကျန့်ကော
ဘေးနား နေဖို့ ဦးတည်၍ အခန်းဆီသို့သွားသည်။

လက်ထဲမှာစောင်တွေခေါင်းအုံးတွေယူလာတဲ့အန်ရီကသူ့ရှေ့ကိုရောက်လာပြီး.ပေးနေတော့ ရိပေါ် ယူထားလိုက်တယ်။

"မားက ပေးခိုင်းလိုက်တာ.. ကိုကို့ဆီမှာကခေါင်းအုံးနဲ့ စောင် မလောက်မှာစိုးလို့တဲ့. "

ခေါင်းအုံးနဲ့စောင်ကိုပိုက်ကာ အခန်းထဲဝင်တော့မလို့ အလုပ်မှာ အန်ရီ့ကိုကြည့်ရတာတစ်ခုခုပြောချင်နေသလို
ြုဖစ်နေတော့.ရိပေါ် စမေးလိုက်သည်။

" ပြောစရာရှိလို့လား.. အန်ရီ.. "

" ဟို. ဖြစ်နိုင်ရင်လေ.ကိုကို့ကို အလျော့ပေးပေးပါ။
ညီမကဘာမှမသိပေမဲ့.ရှင့်ကြောင့်ကိုကိုအရမ်းစိတ်ထိခိုက်ခဲ့တယ်လို့တော့ သိနေတယ် ကိုကို့ ကို စိတ်ဆင်းရဲအောင်
မလုပ်ပါနဲ့နော် "

"ဘာကိုပြောချင်တာလဲဆိုတာ နားလည်ပါတယ်။
စိတ်ချပါ..ကျန့်ကော ကို အများကြီးတန်ဖိုးထားပြီး
ချစ်ပေးပါ့မယ် "

အန်ရီ နဲ့ စကားအနည်းငယ်ပြောပြီးရိပေါ် အခန်းတံခါးကို အသာတွန်းဖွင့်ပြီးဝင်လာတော့သူ့ကို ကျောခိုင်းဘေး
တစ်စောင်းအိပ်ပြီးရယ်လို့မောလို့ဖုန်းပြောနေတဲ့ရှောင်းကျန့်ကိုတွေ့ရသည်။ ရိပေါ် ထိုပုံစံကို တံခါးဘေးတွင် ရပ်လျှက်
ကြည့်နေပြီးမှ....။

"ကျန့်ကော.. "

သူ့ကိုတစ်ချက်လေးသာလှည့်ကြည့်ပြီး ဖုန်းပြောစမြဲပြန်ပြော
နေပြန်သည်။ ရိပေါ်ကုတင်ဘေးကစားပွဲပေါ်မှာ ခေါင်းအုံးနဲ့
စောင်ကိုတင်ပြီး ရှောင်းကျန့်ကိုသာရပ်ကြည့်နေသည်။

" ငါ မင်းကို အရမ်းသတိရနေတာ
  နေ့တိုင်း နေ့တိုင်း သတိရလို့် ရူးမတက်ပဲ"

ဝမ်ရိပေါ် ရောက်နေမှန်းသိလို့ ရှောင်းကျန့် က ကျစ်ယွင်
နဲ့ပြောနေရင်း. မဆီမဆိုင် စကားတွေပြောပစ်နေသည်။ တစ်ဖက်မှကျစ်ယွင်ရဲ့ ရူးနေတာလားဆိုတဲ့စကားကို မသိချင်ယောင်ဆောင်ပြီး အသံလေးထွက်ကာ ရယ်မောပြ
နေသည်။

𝚆 𝙷 𝚈 ?Where stories live. Discover now