15

20K 1.7K 57
                                    

ညနေစောင်းဆိုင်ပိတ်ချိန်ရောက်လာတော့ ဆိုင်မှာပင်
ညစာစားပြီးကြတယ်။ပြီးတာနဲ့အိမ်ပြန်ဖို့ရာသုံးယောက်သား
အလုပ်တွေခွဲပြီးဆိုင်သိမ်းနေသည်။

ရိပေါ်က ခုံတွေစီဖို့ တာဝန်ကို လုပ်နေရင်း စားပွဲခုံတွေ
အားသန့်ရှင်းရေးလုပ်နေတဲ့ယွင်ရှန်းကိုမျက်နှာရိပ်
မျက်နှာကဲလိုက်ကြည့်နေသည်။

စိတ်ဆိုးရတဲ့ အကြောင်းရယ်လို့် တိတိကျကျလည်းမရှိ
ပဲနဲ့ယွင်ရှန်းက သူ့ကိုစကားတောင်မပြောတော့ဘူး။ စနောက်တဲ့သဘောလေးပြောတာကဒီလောက်တောင်
စိတ်တိုသွားစေတာလားအရင်ကယွင်ရှန်းဆိုအဲ့လိုစိတ်ဆိုး
တာမျိုးမရှိဖူးဘူး။

ရိပေါ်က ထိုင်ခုံကိုကိုင်မလျှက်..ထိုနေရာမှာတင်
မတ်တပ်ကြီးငြိမ်နေပြီးယွင်ရှန်းအကြောင်းစဉ်းစားနေ၏။

ခါးညောင်းလို့ ကိုယ်ကိုပြန်မတ်ပြီးနေတုန်း စိုင်စိုင်ကြီး ရပ်နေတဲ့ ရိပေါ်ပုံစံကြောင့် စကားနည်းနည်းမတောက်တဆ
ဖြစ်တာကို ယွင်ရှန်း မေ့ထားပြီး အနားကိုလျှောက်သွားသည်။

"ရိပေါ်.ဘာဖြစ်နေတာလဲ"

" ဟမ်. "

သူ့ရှေ့တည့်တည့်မှာရပ်ပြီး.ခေါ်နေတဲ့ယွင်ရှန်းကိုတွေ့တော့ရယ်ပြပြီး လက်ထဲက ခုံကိုအောက်ချသည်။

" ဒါဘယ်မှာထားရမလဲ စဉ်းစားနေတာ. "

"ထားလိုက်.. ငါလုပ်လိုက်ပါ့မယ်။
မင်းကအကိုကျန့်နဲ့ မီးဖိုခန်းမှာပန်းကန်သိမ်းပေး။
ဒီမှာက အလုပ်လည်းပြီးနေပါပြီ"

ပြုံးပြီးသူ့ကိုပြောနေတဲ့ယွင်ရှန်းပုံစံကြောင့်စိတ်ဆိုးပြေနေပြီဆိုတာကို ရိပေါ်သိလိုက်ရသည်။အခုမှသူ့စိတ်‌‌တွေ ပေါ့ပါး
သွားတယ်။

"အင်း. ငါသွားလိုက်မယ်။ ဒါနဲ့. မင်း.. "

ယွင်ရှန်း ပုခုံးကိုဆွဲဖက်ကာ.ဆံပင်တွေကိုဆွဲဖွပစ်လိုက်သည်။ပြီးနောက်ပြုံးရွှင်ကာ မေးလိုက်တယ်။

" မင်း.စိတ်ဆိုးပြေပြီလား"

"ဖယ်.. ငါ့ဆံပင်စတိုင်တွေပျက်ကုန်မယ်.."

ယွင်ရှန်း သူ့ပုခုံးပေါ်က ရိပေါ်လက်ကိုဖယ်လိုက်ပြီး.
သူ့ဆံပင်သူ သေချာပြန်သပ်လိုက်သည်။ ဆံပင်သပ်နေရင်း
အဆင်ပြေသလို ဖြေသည်။ သူ့စိတ်ထဲ ရိပေါ် ၀င်ကြည့်တာ
မျိုးမလိုချင်တဲ့အတွက်။

𝚆 𝙷 𝚈 ?Where stories live. Discover now