အခွင့်ရေးပေးသည်ဆိုတဲ့ ၁၅ရက်ပြည့်မည့်နေ့မရောက်ခင်
ညနေဘက်မှာထူးထူးဆန်းဆန်း စက်ဘီးစီးရအောင်ဆိုပြီး
ရှောင်းကျန့်က စပြောလာသည်။ ရိပေါ်က တော့ အတူတူ
ရှိနေရရင် ပျော်ရသည်ဆိုတော့ ချက်ချင်းပဲစက်ဘီးကိုထုတ်
လာပေးတဲ့အခါမှာ စက်ဘီးသော့ကို သူ့လက်ထဲထည့်ပေး
နေသေး၏။" စက်ဘီးကို မင်းပဲနင်း
ငါအနောက်ကနေ ထိုင်စီးမယ်"ခါးပေါ်ကို ရောက်လာသည့်လက်တွေကို ရိပေါ်ငုံကြည့်ပြီး.
သဘောကျစွာပြုံးနေသည်။မနက်ဖြန်ဆိုရင် သူ့ ကိုပြန်
လက်ခံပေးတော့မှာမို့ ထင်ပါတယ်... စက်ဘီးအတူတူစီးရရုံ
တင်မက၊ အဖက်လည်းခံထားရသေး။"ဘယ်နေရာကိုသွားရမလဲ ကျန့်ကော. "
"အင်း..ဟိုရှေ့ကတံတားကျာ်အထိဆက်နင်းဦး..ပြီးရင်.
စားသောက်ဆိုင်တစ်ဆိုင်တွေ့လိမ့်မယ်။ အဲ့အခါရပ်လိုက်
တော့.။ငါတွေ့ရမယ့်လူရှိတယ်။မင်းကိုလည်းမိတ်ဆက်ေ
ပေးမလို့"" ဟုတ်... ကျန့်ကော. "
သူ့ခါးပေါ်ကိုရစ်ပတ်ကာဖက်ပြီး ကျောပြင်ပေါ်မျက်နှာလေး
အပ်ထားတဲ့ ရှောင်းကျန့်ကြောင့်. ရိပေါ်စက်ဘီးနင်းနေရင်း ရင်တွေခုန်နေသလို အပျော်ကြီးပျော်ရတယ်။"ဒါနဲ့လေ.. မနက်ဖြန်ဆို ၁၅ရက်ပြည့်တော့မယ်နော်
ကျန့်ကောမှတ်မိတယ်မလား"၀မ်ရိပေါ်ရဲ့ ကျောပြင်ထက် မှီထားရင်းမှ ရှောင်းကျန့်ရဲ့
အေးစက်တည်ငြိမ်နေသည့်မျက်နှာက ပြုံးစစဖြစ်လာပြီး
ပြန်ဖြေသည်။"မမှတ်မိပဲနေပါ့မလား"
စက်ဘီးတစ်စီးပေါ်က လူနှစ်ယောက်ဟာ ဖြတ်လာခဲ့တဲ့
ကမ်းပါးလေးကိုကြည့်ရင်း အတွေးကိုယ်စီနဲ့ပြုံးနေကြသည်။
စိတ်ကူးတွေကထပ်တူကျနေပါ့မလား။နှစ်ယောက်သားစက်ဘီးပေါ်ကဆင်းပြီးတာနဲ့ပျော်ရွှင်တက်
ကြွနေတဲ့ ရိပေါ်ကဘ ရှောင်းကျန့် လက်ကိုကိုင်ရင်း
မေးလိုက်တယ်။"ကျန့်ကော မိတ်ဆက်ပေးမယ်ဆိုတာဘယ်သူလဲ. "
လက်ကိုခါပစ်ပြီးနောက်ရှောင်းကျန့်ကဘာမှဆက်မပြောဘဲ
ဆိုင်ထဲကိုသာဝင်သွားတော့ရိပေါ် ဘာမှမတွေးပဲ
အနောက်ကနေအပြေး လိုက်ပြီးဝင်သွားတယ်။
YOU ARE READING
𝚆 𝙷 𝚈 ?
Fanfiction𝙄 𝙝𝙖𝙩𝙚 𝙮𝙤𝙪 𝙛𝙤𝙧 𝙣𝙤 𝙧𝙚𝙖𝙨𝙤𝙣, 𝙩𝙝𝙚𝙣 𝙄 𝙛𝙚𝙡𝙡 𝙞𝙣 𝙡𝙤𝙫𝙚 𝙬𝙞𝙩𝙝 𝙮𝙤𝙪 𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙧𝙚𝙖𝙨𝙤𝙣.... 𝙒𝙃𝙔 ?