အိမ်ရှေ့ကို ထော့နဲ့နဲ့ဖြင့်လျှောက်လာပြီး ဆိုဖာမှာ ရှောင်းကျန့် ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်တယ်။နှာတစ်ချက်မှုတ်ပြီးစိတ်
တိုတိုဖြင့်...အထဲကနေ ထွက်လာတဲ့ အန်ရီ့ကို မကြည်မသာ
နဲ့ ကြည့်လိုက်သေးသည်။"ကိုကို ညီမလေး ဆေးလိမ်းပေးမယ်.. "
" အင်း... "
ဆိုဖာပေါ် တင်ထားတဲ့ ခြေထောက်တစ်ဖက်ကို ပြန်ချပြီး ရှောင်းကျန့် က ဘောင်းဘီကိုအပေါ်နဲနဲလှန်ကာ ဆေးလိမ်းရ
လွယ်အောင် လုပ်ပေးလိုက်သည်။အန်ရီကတော့ အောက်မှာ
ထိုင်ပြီး ဆေးကိုသေချာပွတ်လိမ်းပေးနေသည်။" အန်ရီ... "
ကတုန်ကယင်နှင့် ဆေးလိမ်းပေးနေသည့် အန်ရီမှာ သူမ
အကို ခေါ်သည်နှင့် အလန့်တကြားမော့ကြည့်ပြီး ခေါင်းခါ
လက်ခါကာဖြင့်။" ကိုကို ဒီကိစ္စတော့ အန်ရီဘာမှတကယ်မသိဘူးနော်။တကယ်ပြောတာ..မလိမ်ပါဘူး"
အသည်းသန်တွေ ဘူးတစ်လုံးဆောင်နေတဲ့ အန်ရီကို
ရှောင်းကျန့်စိတ်ညစ်ညစ်နဲ့ ကြည့်ပြီး ပြောလိုက်တယ်။"အဲ့တာပြောဖို့မဟုတ်ဘူး.ဝမ်ရိပေါ်နဲ့ငါ့
အကြောင်းမားလုံးဝမသိစေနဲ့ ကြားလားအန်ရီ"အန်ရီ ခေါင်းကိုညိတ်ပြီးကိုကို့အား ကတိပေးလိုက်သည်။
" ဟုတ်...ကိုကို.စိတ်ချပါ. "
သိပ်တော့မယုံချင်ပေမယ့် သူ့ညီမလေးက သူ့အပေါ်
ရက်စက်မှာမဟုတ်မှန်း ရှောင်းကျန့်သိသည်မို့ ဆက်မပြောပဲ
အေးအေးလူလူသာနေလိုက်သည်။ ဆိုဖာကို ကျောမှီရန်
ပဲရှိသေး မီးဖိုချောင်ထဲက ပန်းကန်ကျကွဲသံက ထွက်လာပြီး ချက်ချင်းလှည့်ကြည့်မိတော့သည်။အန်ရီပါ လန့်သွားစဉ် ကိုကို က မတ်တပ်ထရပ်ပြီး သွားဖို့
လုပ်တာမို့လို့ လမ်းဖယ်ပေးလိုက်ရသည်။ ဒီလောက် ခါးခါး
သီးသီးဖြစ်နေတာတောင် ကိုကို စိတ်ပူနေတာဆိုတော့
ဝမ်ရိပေါ်ကို ကိုကို့ဘက်က အရမ်းချစ်နေပုံပဲလို့ မြင်နေတယ်။" ၀မ်ရိပေါ် "
ရှောင်းကျန့် ခြေထောက်နာနေသည့်ကြားကနေ ထပြီး..
မီးဖိုချောင်ကိုသာ အမြန်သွားကြည့်သည်။ အထဲရောက်တော့
ပန်းကန်အကွဲစတွေကို ကုန်းကောက်နေတဲ့ ၀မ်ရိပေါ်ကို
တွေ့ရပြီး မျက်နှာကိုမဲ့ကာ အပြစ်ပြောဖို့ပြင်သည်။
YOU ARE READING
𝚆 𝙷 𝚈 ?
Fanfiction𝙄 𝙝𝙖𝙩𝙚 𝙮𝙤𝙪 𝙛𝙤𝙧 𝙣𝙤 𝙧𝙚𝙖𝙨𝙤𝙣, 𝙩𝙝𝙚𝙣 𝙄 𝙛𝙚𝙡𝙡 𝙞𝙣 𝙡𝙤𝙫𝙚 𝙬𝙞𝙩𝙝 𝙮𝙤𝙪 𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙧𝙚𝙖𝙨𝙤𝙣.... 𝙒𝙃𝙔 ?