"လီရှင်း.. ခင်ဗျားကြောင့်
ရိပေါ်နဲ့ အကိုကျန့် တစ်မျိုးထင်ကုန်ပြီ.""ဘာကိုလဲ.ကိုယ်တို့က ချစ်သူတွေဆိုတာမှန်တယ်လေ"
ယွင်ရှန်း သူ့လက်ညိုးလေးဖြင့် လီရှင်းရဲ့ အင်္ကျီကြယ်သီး
တွေကိုထိုးပြပြီး။"အဲဒီမှာလေ.ဘာလို့ကြယ်သီးတွေပြန်မတပ်တာလဲကျွန်တော်တို့ကို တစ်ခုခုဖြစ်တယ်ထင်သွားမှာပေါ့။ "
" ထင်တော့ရောဘာဖြစ်လဲ.ချစ်သူတွေဆိုတာပြောပြီးသားကို
ကိုယ်တို့ဖြူစင်တာ ကိုယ်တို့သိရင်ရပြီပဲမလား"မျက်ခုံးတစ်ဖက်ကိုပင့်ကာပြောလိုက်တဲ့လီရှင်းကို မကြည့်တော့ပဲ. ချွတ်ထားတဲ့ ကုတ်အင်္ကျီကို လက်ထဲထည့်ပေးကာပြောလိုက်သည်။
ှူ
"ပြန်တော့.. နောက်နေ့လာမအိပ်လည်းရတယ်""ဟာကွာ..ရှန်းလေးကလည်း
ကိုယ့်ချစ်သူကို မိုးမလင်းသေးခင်ကြီးပြန်လွှတ်မလို့လား
ပြီးတော့ ကိုယ့်နှုတ်ခမ်းကိုဆေးလေးလိမ်းပေးဦး၂ခါတောင် အကိုက်ခံထားရတာ""လီရှင်းက ကျွန်တော့်ကို အတင်းနမ်းတာကိုး"
ရှက်နေပြန်တဲ့ သူ့ကောင်လေးမျက်နှာကိုကိုင်ကာ မော့လိုက်
ပြီး.လီရှင်းစလိုက်သည်။"ရှန်းလေး ကိုက်ရတာကြိုက်လား. နောက်တစ်ခါကျရင်
နှုတ်ခမ်းကိုမကိုက်ပဲ အခြားနေရာလေးကိုက်နော်
ကိုယ် မင်းကို ထပ် နမ်းလို့မရမှာစိုးလို့.. "ပြောင်ချော်ချော်ပြောနေတဲ့ လီရှင်းကို နောက်ကျောကနေ
တွန်းပြီး အိမ်တံခါးရှေ့ထိ ယွင်ရှန်းတွန့်ပို့လိုက်ရင်း။"ရိုက်ကူးရေးမရှိဘူးလား..ရှိရင်
ကျွန်တော် နေ့လည်ကျ ထမင်းဗူးပို့ပေးမယ်။ရိုက်ကူးရေးလုပ်မယ့်နေရာကိုသာပြောပြပေး.""အင်းပြန်မယ်.ခဏလေးဖက်ထားပြီးရင်တကယ်ပြန်မယ် "
ယွင်ရှန်းကိုယ်လေးကို သူ့ရင်ခွင်ထဲ သိမ်းကျုံးဖက်ထားတဲ့
လီရှင်းကတော့ ပြန်မလွှတ်ပေးချင်တဲ့အထိ သူ့ကောင်လေး
မြတ်နိုးမဆုံးဖြစ်နေရသည်။" ရှန်းလေး..ကျေးဇူးပဲနော်
ကိုယ့်ရင်ခွင်ထဲရောက်လာပေးလို့.ကိုယ်တကယ်ပျော်တယ်။
အမှန်တိုင်းပြောရရင် ရှန်းလေးရှေ့မှာ အဆင်ပြေချင်
ယောင်ဆောင်နေပေမဲ့ကိုယ်ကြောက်နေခဲ့တယ်။
ဟိုလူနဲ့ယှဉ်လို့ ကိုယ်ကျန်နေခဲ့မှာကို."

YOU ARE READING
𝚆 𝙷 𝚈 ?
Фанфик𝙄 𝙝𝙖𝙩𝙚 𝙮𝙤𝙪 𝙛𝙤𝙧 𝙣𝙤 𝙧𝙚𝙖𝙨𝙤𝙣, 𝙩𝙝𝙚𝙣 𝙄 𝙛𝙚𝙡𝙡 𝙞𝙣 𝙡𝙤𝙫𝙚 𝙬𝙞𝙩𝙝 𝙮𝙤𝙪 𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙧𝙚𝙖𝙨𝙤𝙣.... 𝙒𝙃𝙔 ?