19

17.7K 1.8K 61
                                    

လီရှင်းက ရိုက်ကူးရေးပြီးပြီဆိုတာနဲ့ သူ့မန်နေဂျာကို
မပြောတော့ပဲ ကားဆီကိုအမြန်ထွက်လာသည်။ ဒီနေ့
မကုန်ခင်သူ့ကောင်လေးရဲ့ မျက်နှာလေးကိုမြင်ချင်
သေးတယ်။

ဖုန်းဆက်တုန်းကခဏလောက်ကြားရတဲ့ အသံလေးကတောင်
ရင်ခွင်ထဲထည့်ဖက်ထားချင်စရာကောင်းနေတာလူကိုပါတွေ့ရရင်တော့။

ကားကို အမြန်မောင်းနေတာတောင် မီးပ္ပိုင့်တစ်ခါတစ်ခါ
မိတိုင်း စိတ်မရှည်လက်မရှည်ဖြစ်နေသည်။ အချိန်က နောက်ကျနေပြီမို့ သူမရောက်ခင်ဆိုင်ပိတ်သွားလို့မဖြစ်ဘူး။

"ကျစ်.ဒီနေ့ကျမှ မီးပ္ပိုင့်မိတာလေးကတောင်
တစ်ကမ္ဘာလောက်ကြာနေသလိုပဲ "

ရောက်တာနဲ့ကားပေါ်ကနေဆင်းပြီး ယွင်ရှန်းအတွက်
ဝယ်ထားတဲ့ကိတ်မုန့်ဗူးကိုဆွဲကာထွက်လာသည်။ သူရောက်
သွားတာနဲ့.ဆိုင်လေးကတံခါးတွေတင်မကမီးလေးတွေ
တောင်ပိတ်သွားပြီ။နာရီကိုကြည့်တော့..၇နာရီကျော်ရုံသာ
ရှိသေးတာကို ဒီနေ့မှ ထူးထူးဆန်းဆန်းပိတ်သွားပြီ။

"မျက်နှာလေးမြင်ချင်သေးတာကို.."

အလာတုန်းကလိုတက်ကြွမူမရှိပဲ ကားဆီကိုတစ်လှမ်းချင်း
လျှောက်သွားနေသည်။ဖုန်းဆက်ဖို့တွေးမိရင်း.လီရှင်းတစ်ခု
သတိရမိသွားတာက.ဆိုင်မှာရိုက်ကူးရေးလုပ်တုန်းက ယွင်ရှန်းတို့ အိမ်လိပ်စာပေးထားမှာသေချာတယ်လို့အတွေးရ
သွားတယ်။ဖုန်းနံပါတ်တစ်ခုကို ရှာပြီးနှိပ်လိုက်ကာ။

" ဟိုတစ်ခေါက်က. GREEN PARADISE ဆိုတဲ့ဆိုင်လေးရိုက်ကူးရေးလုပ်တုန်းကဆိုင်ရှင်ရဲ့
အိမ်လိပ်စာလေးပြောပြပေးပါလား အရေးကြီးကိစ္စလေးရှိလို "

" ကျေးဇူးပါ"

သိပ်မကြာခင် သူ့ဖုန်းထဲကိုဝင်လာတဲ့ စာလေးတစ်စောင်။
ယွင်ရှန်းရဲ့ အိမ်လိပ်စာလေးပင်ဖြစ်သည်။လီရှင်းပြုံးရွှင်စွာဖြင့်
ကားကို စက်နိုး၍ ဒီထက်ပိုအချိန်မလင့်ခင်အရောက်သွား
ဖို့သာပြင်၏။

×××××××××××××××

ယွင်ရှန်းက ဆိုင်စောစောသိမ်းချင်တယ်ပြောလို့သာဘာမှ
မပြောပဲ ပြန်လာခဲ့ကြပေမဲ့ ရှောင်းကျန့်စိတ်ထဲမှာတစ်ခုခု
မကောင်းတာကိုသိနေသလိုပဲ။

𝚆 𝙷 𝚈 ?Where stories live. Discover now