26

20.6K 1.9K 124
                                    

ယွင်ရှန်းပြောသလို လုပ်ဖို့ သူစိတ်က အဆင်ပြေမနေတော့ ရိပေါ် ခေါင်းကိုငုံ့ပြီး လက်ချောင်းတွေဖြင့် ဆံပင်တွေ
ကိုပွရူပ်သည်အထိ ဖွပစ်လိုက်တယ်။

ပြန်ဖြေမှာကို စောင့်နေတဲ့ ယွင်ရှန်းကို ပြန်ကြည့်လိုက်တော့
ပြောတဲ့အတိုင်း လုပ်တာက သူ့စိတ်ကိုသူသေချာသိစေ
ဖို့ လွယ်မလားထင်မိတယ်။ဒါဆိုရင်အဖြေကရှင်းလင်းသွား
လိမ့်မယ်။ မဟုတ်ရင် မတင်မကျခံစားချက်ကြီးကပျောက်သွား
မည့်ဟန်မတူ။ သူ့ရှေ့မှာရှိနေတဲ့ယွင်ရှန်းက အချစ်ဦးဖြစ်
သလို စချစ်မိခဲ့တည်းက အခုထိ ခံစားချက်တွေမပြောင်းလဲ
သေးဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် သက်သေကြရလိမ့်မယ်

နမ်းကြည့်ဖို့ဆုံးဖြတ်ပြီးသည်နှင့်ကိုယ်ကို ပြန်လည်မတ်၍ ယွင်ရှန်းဆီကို ရိပေါ်တိုးကပ်သွားခဲ့သည်။ မျက်နှာအား
သူ့လက်တစ်ဖက်ဖြင့်အုပ်ကိုင်ကာ နှုတ်ခမ်းနှစ်ခု ထိနိုင်ဖို့ ရှေ့ဆက်တိုးသွားသည်။

ယွင်ရှန်းကို နမ်းဖို့ကြိုးစားရင်း သူတွန့်ဆုတ်နေတာကို
ကိုယ့်ကိုယ်ကိုယ်သတိထားမိလာတယ်။ ဒါကဘာသဘောများ
လည်း ဘာလို့လဲဆိုရင် ရှောင်းကျန့် ဆိုတဲ့ လူကို နမ်းရတဲ့
အခါမှာသူ့ဘက်ကနေတုန့်ဆိုင်းနေတာမျိုးတစ်ခါမှမဖြစ်ခဲ့ဖူး
ပေမယ့် အခုသူချစ်ပါတယ်ဆိုတဲ့ယွင်ရှန်းကိုတော့မျက်စိစုံမှိတ်
အနမ်းပေးဖို့ ခက်ခဲလှတယ်။

ယွင်ရှန်းက သူ့နှင့် အနီးဆုံးကိုတိုးကပ်လာတဲ့ ရိပေါ်ကို ကြည့်နေရင်းကနေ မျက်လုံးတို့ကိုမှိတ်ထားမိသည်။
အဖြေကိုကြိုသိနေသလို အပြုံးခပ်ပါးပါးလေးတစ်ခုဖြင့်သာ
ရောက်လာမှာမဟုတ်တဲ့ အနမ်းတစ်ခုကိုစောင့်ဆိုင်းနေသည်။

ခဏအကြာမှာ သူ့ပုခုံးနှစ်ဖက်ကိုကိုင်ကာ တွန်းထုတ်ပစ်
လိုက်တဲ့ ရိပေါ်ရဲ့လက်တွေကြောင့် ယွင်ရှန်းအနောက်ကို
ယိုင်လဲသွားသည်။မျက်လုံးဖွင့်ကြည့်လိုက်တာနဲ့
မတ်တပ်ထရပ်ကာသူ့ကိုနောက်ကျောပေးထားတဲ့ ရိပေါ်ကို မြင်ရတယ်။ လက်ထောက်ကာ ပြန်ထပြီး..တွန့်သွားသည့် အိပ်ရာခင်းကို ပြန်ဆန့်ပြီး ယွင်ရှန်းစကားတစ်ခွန်း
သာပြောလိုက်သည်။

𝚆 𝙷 𝚈 ?Where stories live. Discover now