23

20.9K 1.9K 172
                                    

ကားပေါ်ရောက်တာနဲ့ ထိုင်ရမယ့်ခုံနံပါတ် ကိုရှာပြီးဝင်ထိုင်
လိုက်သည်။ပြတင်းပေါက်ဘေးကခုံ ဆိုတော့ရှောင်းကျန့်
သဘောကျတယ်။ပင်ပန်းနေတာမို့လို့ မှီပြီးအိပ်နေလို့လည်း
ရတယ်လေ။

အချိန်ကတော့နေ့လည်တောင်မရောက်သေးဘူးလို့ထင်ရတာပဲ။ ရှောင်းကျန့် ထိုကားမှန်လေးမှာ ခေါင်းကိုမှီပြီးမျက်လုံး
တွေကိုမှိတ်ထားမိတော့သည်။

"အရမ်းပင်ပန်းနေပြီ..မငိုချင်တော့ဘူး
မနာကျင်ချင်တော့ဘူး။ဘယ်တော့မှထပ်မချစ်ချင်တော့ဘူး"

တစ်ကြိမ်တစ်ခါချစ်ခဲ့တဲ့အချစ်မှာတင်တစ်ကြိမ်
တစ်ခါလောက်နာကျင်ရရင်တော်သင့်ပြီမလား။

အချစ်ကိုမယုံကြည်နဲ့။ကိုယ့်ဘက်ကကြည့်ရင်အချစ်လို့
မြင်ပြီးအခြားတစ်ဖက်မှာတော့.အသုံးချခံရတာမျိုးဖြစ်နေ
တက်တယ်။ ဒီဘ၀မှာ ဒီလိုအသုံးချခံရတာမျိုး ထပ်မဖြစ်ပါစေနဲ့တော့။

မျက်လုံးတွေကို တင်းကျပ်နေအောင်မှိတ်ထားတာတောင်
မျက်ရည်စက်တွေက.. မျက်ဝန်းထောင့်ကနေ စီးကျလာ
သေးသည်။မငိုချင်ဘူးလို့ပြောလေလေ ပိုပြီးငိုချင်လာလေပဲ။

ရှောင်းကျန့် ကိုယ့်ကိုကိုယ်စိတ်ပျက်မိတယ်။
ကျေးဇူးပြုပြီး.မျက်ရည်မကျပါနဲ့တော့လို့ တောင်းဆိုနေပေမယ့်သူ့မျက်လုံးတွေက နားမထောင်ခဲ့ဘူး။
ဒီလောက်ထိငိုနေတာတောင် မျက်ရည်တွေက မကုန်နိုင်သေး
သည်လား။

သူ့ရဲ့ ဘေးခုံကို လူတစ်ယောက်ဝင်ထိုင်လိုက်တာကိုသိလိုက်
တာနဲ့ ခေါင်းစွပ်ကို မျက်နှာလုံအောင် ဆွဲကာလိုက်သည်။
လူတွေအမြင်မှာ ရှက်ဖို့ကောင်းလောက်အောင်.ခဏခဏ
ငိုနေမိလို့တော့မဖြစ်သေးတာကြောင့်.ရှောင်းကျန့်သူ့ကိုယ်သူ
ထိန်းလိုက်သည်။

ဘာလို့ငိုတာလဲလို့အမေးခံရရင်တောင်ချစ်ရသူနဲ့လမ်းခွဲခဲ့ရလို့ ဆိုတဲ့ အကြောင်းပြချက်လှလှလေးမပေးနိုင်ဘူး။
ဘာလို့လဲဆိုရင်.သူက၀မ်ရိပေါ်နဲ့ချစ်သူတွေမှမဟုတ်ခဲ့တာ။

.
.
.

ရှောင်းကျန့်ဆီကနေ ပြုတ်ကျကျန်ရစ် နေခဲ့တဲ့ ဖုန်းကို ကိုင်ပြီး အခန်းထဲမှာပဲရိပေါ် အချိန်အကြာကြီး. ငုတ်တုတ်ထိုင်နေ
သည်။ဖုန်းကိုစဖွင့်လိုက်တာနဲ့အဖြူရောင် ခြေတိုကြောင်ပုံ
wallpaperလေးကိုအရင်ဆုံးတန်းပြီးမြင်ရတာပဲ။

𝚆 𝙷 𝚈 ?Where stories live. Discover now