Unicode
"ဘယ်ဆိုးလို့လဲ! ခင်ဗျားရဲ့အကြိုက်ကလုံးဝperfectပဲ!!" ဟွားချီကခေါင်းတညိတ်ညိတ်နဲ့အူမြူးနေတယ်။ အကြိုက်တူတဲ့လူချင်းတွေ့နေရလို့ အတိုင်းမသိဝမ်းမြောက်နေရှာတဲ့ပုံပဲ။
"ကျုပ်လည်း ခင်ဗျားလိုပဲ နတ်ဘုရားမူရဲ့ဖန်ပဲဗျ။ ဟိုးးးးးအူဝဲပေါက်စနလေးကတည်းက သူထုတ်သမျှပစ္စည်း(merchandise)တွေကို officialရောunofficialရောစုံနေအောင်လိုက်ဝယ်တာ။ အမယ် ဒါတင်ပဲမထင်လိုက်နဲ့ဦး။ သူကြော်ငြာသမျှထုတ်ကုန် အကုန်ဝယ်သုံးသေးတာနော်။ ဒါပေမယ့် ခင်ဗျားကြည့်ရတာ နတ်ဘုရားမူကိုကျုပ်ထက်တောင်ပိုကြိုက်သေးပုံရတယ်။ နာမည်တောင်တူတူလိုက်ပေးထားတယ်ဆိုတော့...ဟားဟား..."
"......" ကျပ်မပြည့်ရှာတာလား။ တစ်ခန်းလွတ်နေရှာတာလား။
"ပြီးတော့ ကျုပ်ကြားမိသလောက်ဆိုရင် နတ်ဘုရားမူက ခုတလောလေးတင်မှနှစ်တစ်ရာလောက်အနားယူနေရာကနေ နိုးထလာတာတဲ့ဗျ။ အဲ့တာနဲ့ ကျုပ်လည်းခုတလောအနီရောင်ဂြိုဟ်ပေါ်လည်ပတ်ခွင့်လက်မှတ်ရဖို့ကြိုးစားနေတယ်ဆိုပါတော့ဗျာ..."
ဟွားချီတစ်ယောက် 'လာပါ..အိုင်ဒေါအကြောင်းတစ်ညလုံးမအိပ်မနေဆွေးနွေးကြတာပေါ့'ဆိုတဲ့မျက်နှာထားနဲ့အတူ အာပေါင်အာရင်းသန်သန်နဲ့ဆက်ပြောပြနေရှာတယ်။
"လည်ပတ်ခွင့်လက်မှတ်ရခဲ့ရင်တောင်မှ သွေးစုပ်ဖတ်ကောင်မြို့တော်ထဲလည်းဝင်လို့မရ၊ နတ်ဘုရားမူကိုလည်းအပြင်မှာအရှင်လတ်လတ်မြင်ခွင့်ရမှာမဟုတ်မှန်းသိပေမယ့် သူနဲ့ဂြိုဟ်တစ်ခုတည်းပေါ်မှာ ခဏလေးဖြစ်ဖြစ်ရပ်တည်ခွင့်ရမယ်ဆိုတဲ့အတွေးလေးနဲ့တင် သေပျော်ပါပြီဗျာ"
"....." တကယ်ကျပ်မပြည့်တာဟ..နောက်နေတယ်မှတ်နေတာ။
ဒါမှမဟုတ် ဒီစကြဝဠာခေတ်ကြီးမှာ မူရွှမ်ဆိုတဲ့နာမည်က ကမ္ဘာပေါ်မှာတုန်းက ကျော်ကြီးတို့ မိအေးတို့လို မတရားပေါများ၊ ရိုတ်သတ်မကုန်၊ လူတိုင်းပေးနေတဲ့နာမည်မို့လို့များလား။
"ဒီကညီလေးကရောဘယ်လိုလဲ။ ကျုပ်နဲ့လိုက်ခဲ့ချင်လား" မူရွှမ်ကို မူရွှမ်ရဲ့ဖန်လို့အကြွင်းမဲ့ယုံနေရှာတဲ့ဟွားချီတစ်ယောက်ကတော့ သူ့ရဲ့ရင်ဘတ်ကိုယုံကြည်မှုအပြည်နဲါပုတ်ပြီးဆက်ပြောလေရဲ့ "ဒီကမင်းရဲ့အစ်ကိုကြီးက အဆက်အသွယ်ပေါပါတယ်ကွ။ လက်မှတ်တစ်စောင်လောက်အပိုရအောင်ဖန်တီးပေးနိုင်ပါတယ်"
YOU ARE READING
ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )
Humorကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 ကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 please don't reupload my works :') Myanmar translated by Jue🌸