အပိုင်း-၃၈ (သင်ခန်းစာ-ကောင်းကောင်းနေပါ ကောင်းတာပဲလုပ်ပါ)

1.8K 375 19
                                    

Unicode

အခန်းထဲကလူတိုင်း ကျောက်ရုပ်တွေလို ငြိမ်သက်သွားကြတော့တယ်။

ယောင်စစ် သူမနောက်က သူမကိုသိုင်းဖက်ထားတဲ့လူရဲ့လက်တွေပြေလျော့သွားပြီး လက်ထဲကလက်နက်တောင် လွတ်ကျလုနီးပါဖြစ်သွားတာ ခံစားလိုက်ရတယ်

'ဆောတီးပဲသားရီးရေ စိတ်မကောင်းပေမယ့် မင်းတော့လူရွေးမှားသွားဘီ'

ခုနက ရာဇဝတ်သားကိုလက်နက်ချဖို့ ချော့ချော့မော့မော့ပြောနေနိုင်သေးတဲ့ ရဲအရာရှိကြီးတွေခမျာမှာတော့ ယောင်စစ်စကားကိုကြားကြားချင်းမှာပဲ ရယ်ရယ်မောမောမလုပ်နိုင်တော့ဘဲ ရာဇဝတ်သားဆီကို တွေဝေခြင်းမရှိ တဟုန်ထိုးချီတက်လာကြတယ်။ တစ်ချိန်ထဲဆိုသလိုမှာပဲ အဖြူရောင်အလင်းတန်းတစ်ခု ယောင်စစ်နား,နားလေးကနေ ဖြတ်သန်းသွားပြီး ကျယ်လောင်တဲ့ပေါက်ကွဲသံတစ်ခုနဲ့အတူ သူမနောက်ကလူကိုထိမှန်သွားတယ်

အဲ့ဒီနောက်မှာတော့ သူမရဲ့လည်ပင်းကိုချုပ်ထားတဲ့လက်က ဖြေလျော့သွားတာခံစားလိုက်ရပြီး အဲ့ဒီလူကလည်း ကြမ်းခင်းပေါ်ကို ခွေယိုင်ပြီးလဲကျသွားတော့တယ်

"ဂုဏ်သရေရှိ အမျိုးသမီးလေးခင်ဗျာ...အဆင်ပြေရဲ့လားမသိဘူးခင်ဗျ" ရဲမှူးကြီးက သူမကိုအင်မတန်စိုးရိမ်ပူပန်နေတဲ့ပုံနဲ့လှမ်းမေးလိုက်တယ်

ယောင်စစ် ခေါင်းကိုအသာရမ်းပြလိုက်တယ် "ကျွန်မ အဆင်ပြေပါတယ်"  'ငါကဒီအတိုင်း ဘဝရဲ့ပထမဆုံး ပြန်ပေးဆွဲခံရတဲ့အတွေ့အကြုံကြီးကို နည်းနည်းစိတ်ပျက်မိနေတာပဲရှိတာပါ'

"တော်သေးတာပေါ့....အမယ်လေးဗျာ တကယ်ကိုတော်သေးတာပေါ့" အရာရှိကြီးကို သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီးတဲ့နောက်မှာ ပါးစပ်ကြီးနားရွက်တက်ချိတ်တော့မတတ်မျက်နှာထားကြီးပြောင်းလဲသွားပြီး "ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ပြောမပြတတ်အောင်ကျေးဇူးတင်မိပါတယ်ခင်ဗျာ။ ကျွန်တော်တို့တွေ ဒီကောင့်ကိုလိုက်ဖမ်းနေတာအတော်ကြာပြီ။ ဂြိုဟ်တွေတစ်ခုပြီးတစ်ခုပတ်ပြေးနေတာနဲ့ပဲ ဖမ်းမမိနိုင်ဖြစ်နေတာ။ အခုတော့ဒီကမိန်းကလေးကျေးဇူးကြောင့် ဖမ်းနိုင်ခဲ့ပြီ"

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Where stories live. Discover now