Unicode
ယောင်စစ် ယန်ရွှမ်ဆီက သွေးစုတ်ဖုတ်ကောင်တွေရဲ့သူမ အနားယူနေခဲ့တဲ့ ကြားထဲမှာဖြစ်ခဲ့သမျှကို နားထောင်လိုက်တာ အချိန်အတော်ကုန်သွားတယ်
သူမ ထင်တဲ့အတိုင်းပဲ လက်ရှိစကြဝဠာထဲမှာ နေ နေကြတဲ့ သွေးစုပ်ဖုတ်ကောင်တွေက ကမ္ဘာပေါ်ကသွေးစုတ်ဖုတ်ကောင်တွေကနေ ဆင်းသက်လာကြတာပဲ။ သူတို့တွေက ကိုယ့်ကိုယ်ကိုသေအောင်လုပ်ရင်လုပ် မဟုတ်ရင် မျိုးနွယ်တူအချင်းချင်း ပြန်မသတ်မချင်း အဆုံးမရှိတဲ့သက်တမ်းကိုပိုင်ဆိုင်ထားတဲ့ ထာဝရရှင်သန်သူတွေဖြစ်တယ်
ဒါပေမယ့် လောကကြီးက တရားပါတယ်။ သွေးစုပ်ဖုတ်ကောင်တွေက ကြောက်ဖို့ကောင်းလောက်အောင် စွမ်းကြပေမယ့် သူတို့တွေက သာမန်အတိုင်းမျိူးမပွားနိုင်ကြဘူး။ သူတို့ဘဝမှာ ပထမဦးဆုံးကိုက်လိုက်တဲ့သူကိုပဲ သွေးစုပ်ဖုတ်ကောင်အဖြစ် လက်ဆင့်ကမ်းနိုင်ကြတယ်။ ဒါပေမယ့် စကြဝဠာတစ်ခုလုံးမှာ သွေးစုပ်ဖုတ်ကောင်တွေရဲ့သွေးကို အောင်အောင်မြင်မြင်ဆက်ခံနိုင်တဲ့ မျိုးနွယ်မရှိတော့ဘူး။
အတိအကျပြောရမယ်ဆိုရင် သွေးစုပ်ဖုတ်ကောင်တွေစတင်မွေးဖွားလာတဲ့ အပြာရောင်ဂြိုဟ်ကြီးပေါ်မှာသွေးစုတ်ဖုတ်ကောင်တွေနဲ့အတူ နေထိုင်ကြတဲ့ လူသားမျိုးနွယ်တစ်ခုထဲကိုပဲ အောင်မြင်စွာ လက်ဆင့်ကမ်းလို့ရတာ။ အဲ့ဒီအပြာရောင်ဂြိုဟ်ကြီးပေါ်က လူသားတွေရဲ့မွေးဖွားနှုန်းကိုကြည့်ပြီး သွေးစုပ်ဖုတ်ကောင်တွေက သူတို့ရဲ့မျိုးဆက်လက်ဆင့်ကမ်းရေးအတွက် နည်းနည်းမှစိတ်မပူခဲ့ကြဘူး။ လူသားတွေက သွေးစုပ်ဖုတ်ကောင်တွေရဲ့တည်ရှိမှုကို မသိခဲ့ကြပေမယ့် မျိုးနွယ်စုနှစ်ခုက အချိုးကျစွာပဲ လူဦးရေတိုးတက်လာနေခဲ့တယ်။ ဒါပေမယ့် အဲ့တာတွေက ယောင်စစ်နေခဲ့ဖူးတဲ့ ဂျူလီယန်ပြက္ခဒိန်ခေတ်။ အခုလက်ရှိစကြဝဠာခေတ်နဲ့ ပြောရမယ်ဆိုရင် သမိုင်းဦးမတင်မီခေတ်က ကိစ္စတွေပဲ
သူတို့ရှေ့ဆက်ပြီးဘာတွေဖြစ်ကြလဲဆိုတော့ မကြာခဏဆိုသလို သွေးစုပ်ဖုတ်ကောင်အချင်းချင်း သဘောထားမတိုက်တိုင်ဘဲ စစ်ပွဲတွေထ ထဖြစ်ကြပေမယ့် စစ်ပွဲတွေထဲမှာ လူသားတွေကိုမထိခိုက်ဖို့ ဂရုစိုက်ကာကွယ်ရင်း အမြဲတမ်း နောက်ဆုံးမှာတော့ သူတို့ကိုယ်သူတို့ လူသားတွေရှေ့ တရားဝင်ထွက်မပြဖို့ သဘောတူတာနဲ့ပဲပြီးသွားလေ့ရှိတယ်။
YOU ARE READING
ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )
Humorကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 ကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 please don't reupload my works :') Myanmar translated by Jue🌸