အပိုင်း-၁၆ (သခင်မလေးရဲ့ ဝါသနာ)

1.9K 294 6
                                    

Unicode

ယောင်စစ်တွေးမိလိုက်တာကတော့ ဒါကဂိမ်းတစ်ခုပဲဟာ ထွက်ဖို့နည်းတစ်ခုခုတော့ရှိမှာပေါ့။ အဲ့နည်းကိုသူမသိသေးပေမယ့် သိပ်တော့ကိစ္စမရှိပါဘူးလေ။ သူပြန်မထွက်တတ်ရင်တောင်မှ အတန်းပြီးသွားရင် ဆရာမကသူ့အဖြစ်ကိုသိပြီး အင်တာနက်ကိုဖြတ်ချပေးမှာသေချာတယ်။

အဲ့ဒါဆိုရင် သူ့အနေနဲ့ နောက်ကိုခြေလှမ်းတစ်ထောင်လောက်ဆုတ်ပြီး အေးဆေးထိုင်စောင့်နေရုံပဲပေါ့ (တော်ပြီလား သူများတွေက တစ်လှမ်းပဲဆုတ်တာပါ အမရယ် -,-) ဒီမူကြိုကဆရာမတွေက ဘယ်လောက်ပဲနိုင်ငံအနာဂတ်သားကောင်းရတနာလေးတွေ ဖျက်ဆီးပြီးဂိမ်းဆော့ခိုင်းပစေဦးတော့ အတန်းပြီးသွားတဲ့အချိန်ဆိုတာ ရှိလာမှာပဲလေ။ တစ်သက်လုံးတော့ ဂိမ်းထဲမှာမနေခိုင်းလောက်ပါဘူး။

အဲ့ဒီတော့ ဘာမှစိုးရိမ်နေစရာမလိုပါဘူးလေ။ တစ်ခုထဲသောလုပ်စရာက လက်ပိုက်ပြီး ခြေချိတ်ထိုင်ရင်း အေးဆေးစောင့်နေရုံပဲ

ဆိုနေဘေမက်.....

ယောင်စစ်နောက်ဆုတ်လိုက်တဲ့ ခြေလှမ်းတစ်ထောင်က နည်းလွန်းနေသေးတယ်ပြောရမှာပဲ။

ထိုစဉ် အတန်းထဲတွင်.....

သွေးစုတ်ဖုတ်ကောင်တစ်မျိုးနွယ်လုံးက အချိန်ကိုလေးစားပြီး အရာအားလုံးမြန်မြန်လုပ်တတ်တယ်ဆိုပဲဆိုရမှာပေါ့။ ယန်ရွှမ်ရဲ့ကြေငြာစာကိုရပြီး ဆယ်မိနစ်အတွင်းမှာပဲ အနီရောင်ဂြိုစ်ပေါ်မှာရှိနေကြတဲ့ ပထမမျိုးဆက်၄၀ကလူတွေအကုန်ရောက်နေကြပြီ။ အခြားရောက်နေတဲ့သူတွေအကုန်လည်း ပြန်လာနေတဲ့လမ်းမှာရောက်နေကြပြီ။

ယန်ရွှမ်က ယောင်စစ်အနားမှာကွက်လပ်လေးတစ်ခုရအောင် ရှင်းနေတယ်

ဟီးထနေတဲ့လူအုပ်ကြီးက အခန်းအပြည့် ကော်ရစ်ဒါထဲထိပါလျှံနေတယ်။ စိတ်လှုပ်ရှားမှု မယုံကြည်နိုင်မှု အံ့သြမှု စိတ်ဖိစီးမှုတွေနဲ့ပြည့်နှက်နေတဲ့ မျက်နှာတွေက အေးအေးချမ်းချမ်း မျက်လုံးပိတ်ထားရင်း ဂိမ်းထဲမှာလုံးဝနစ်မြောနေတဲ့ ယောင်စစ်ကိုလှမ်းကြည့်နေကြတယ်

မြင်ကွင်းက ထူးဆန်းနေတာတော့အမှန်ပဲ

ဒါ...ဒါက တကယ်ကို ပဉ္စမျိုးဆက် ဘိုးဘေးတစ်ယောက်လား

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Hikayelerin yaşadığı yer. Şimdi keşfedin