Unicode
"အဲတာဘာလုပ်တာလဲ" အဲ့ဒီလူကယောင်စစ်ကိုမသင်္ကာသလိုနဲ့လှည့်ကြည့်ပြီးမေးလိုက်တယ်။
"ဟဲဟဲ..." ယောင်စစ်အကျပ်ရိုက်သွားတယ် "ဟိုဟာလေ...ယုံမလားတော့မသိပေမယ့် ခုနကရှင့်ကော်လံပေါ်မှာ ပိုးကောင်တစ်ကောင်တွေ့လိုက်လို့"
"တကယ်ကြီးလား?!" အဲ့လူကထခုန်ရင်း သူ့ကော်လံကိုအားဖားယားခါလိုက်တယ် "ပိုးကောင်တွေဆို ရင်ထဲအသည်းထဲကမုန်းတာဗျို့။ ကြည့်ပေးပါဦး...ရှိပေးလားလို့!!"
"....."
ဖိုက်တာလိုအတည်ကြီးယုံသွားတာဟ :'
"မရှိတော့ဘူး...""တော်သေးတာပေါ့" အဲ့လူကြီးကသက်ပြင်းတစ်ချက်ချလိုက်ပေမယ့် စိတ်ပူနေသေးတဲ့ပုံပဲ၊ ကော်လံကိုနောက်ထပ်သုံး လေးချက်လောက်ထပ်ခါလိုက်ပြီးမှ ယောင်စစ်တို့ကိုလှမ်းမေးတယ် "ဟုတ်သား...မင်းတို့ဝတ်စုံတွေကိုကြည့်ရတာ အပေါ်အလွှာတွေကအစောင့်တွေပဲဖြစ်ရမယ်။ ဒီကိုစမ်းသပ်ပစ္စည်းအသစ်တွေလာပို့ပေးတာမလား"
သူအဲ့လိုပြောတော့မှပဲ အပေါ်ထပ်ကအစောင့်၂ယောက်ကိုစောက်ခွက်ချပြီး အင်္ကျီတွေလဲဝတ်လာကြမှန်း ယောင်စစ်သတိရသွားတော့တယ်။
"ဟုတ်တယ်!ဟုတ်တယ်!" ယောင်စစ် ခေါင်းပြုတ်ကျလုမတတ်ခေါင်းငြိမ့်ပြလိုက်တယ်။ ယုံကြည်အောင်သာလှိမ့်နိုင်ရင် ဒီကနေချောချောမွေ့မွေ့ထွက်သွားလို့ရလောက်တယ်လေ။
"ဒါဆိုဘာလို့မင်းတို့က ပင်မထိန်းချုပ်ခန်းထဲရောက်နေကြတာလဲ။ ဒီအလွှာကိုသုတေသနလုပ်နေတဲ့သူတွေပဲဝင်လို့ရတာမသိဘူးလား" အဲ့လူက မျက်မှောင်တစ်ချက်ကြုတ်ရင်းဆက်ပြောလိုက်တယ် "အော်...လမ်းပျောက်သွားပြီးပြန်မထွက်တတ်ဖြစ်နေကြတာလား"
ယောင်စစ် နောက်တစ်ခါခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြလိုက်ပြန်တယ်။
"ငါထင်သားပဲ!" အဲ့လူကြီးက သံသယကင်းသွားတဲ့ပုံနဲ့ ခေါင်းပြန်ငြိမ့်ပြလိုက်တယ် "ဒီ၅လွှာကလုံခြုံရေးစနစ်တွေအားလုံးက ၅မိနစ်တစ်ခါအကုန်အသစ်ပြောင်းနေတာလေ။ ပင်မထိန်းချုပ်ခန်းကိုလာရင်တောင် မင်းတို့ထွက်ပေါက်ရှာတွေ့မှာမဟုတ်ဘူး"
YOU ARE READING
ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )
Humorကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 ကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 please don't reupload my works :') Myanmar translated by Jue🌸