အပိုင်း-၁၄ (သင်ယူရန်အလို့ငှာ)

1.8K 294 3
                                    

Unicode

ယောင်စစ် စိတ်ထဲပူပန်မှုတွေနဲ့ပြည့်နှက်သွားတယ်။ လက်ထဲကထက်ပိုင်းကျိုးနေတဲ့အရိုးလေးကိုငုံ့ကြည့်ရင်း ဘာလုပ်ရမှန်းတောင်မသိတော့ဘူး။ ဒီအတိုင်းကြီးပြန်ဆက်ပေးလိုက်လို့ကလည်းမရ.... -,-

"တောင်းပန်ပါတယ်ဟာ...ငါနင့်ကိုနောက်တစ်ခုဝယ်ပေးမယ်လေ"

ဖက်တီးငိုတာခဏရပ်သွားတယ်...ဒါပေမယ့်မကြာပါဘူး။ ခုနကထက်နှစ်ဆကျယ်တဲ့အသံပြဲကြီး ပြန်ထွက်လာနာပါပဲ။ ဥယျာဉ်တစ်ခုလုံးသူ့ငိုသံကြီးဟိန်းထွက်နေတာပဲ။ ယောင်စစ်ဘယ်လိုချော့ချော့ ငိုတာရပ်မသွားဘူး

ကြာတော့ ယောင်စစ်ပါရောပြီးငိုချင်လာပေမယ့် မျက်ရည်ကထွက်မလာဘူး။ ထင်ထားတဲ့အတိုင်းပဲ ဘယ်ခေတ်ကြီးပဲရောက်ရောက် ကလေးတွေဆိုတာ ရွံစရာအကောင်းဆုံးစိတ်ပျက်ဖို့အကောင်းဆုံး ကြောက်စရာအကောင်းဆုံးသတ္တဝါလေးတွေပဲ(shake shake🌚 I hate them too) ဒီဖက်တီးကြီးကို ဘယ်လိုငိုတာရပ်အောင်လုပ်ရပါ့

ကံမကောင်းစွာနဲ့ အဲ့အချိန်မှာပဲ ဖက်တီးငိုသံကိုကြားပြီး အခြားဧရာမကလေးကြီးတွေကလည်း သူတို့နားဝိုင်းလာတယ်။ ပြီးတော့ ယောင်စစ်ကို ဓားနဲ့ထိုးနေသလိုခံစားရတဲ့အကြည့်ကြီးတွေနဲ့ ဝိုင်းကြည့်နေကြလေရဲ့။

"အာ....သူမ ဘေဘီကျူးလေးကို ငိုအောင်လုပ်လိုက်ပြီ"

"အသစ်ရောက်လာတဲ့ကောင်မလေးက ဆိုးတဲ့ကလေးလေးပဲ"

"သူမနဲ့ဘယ်တော့မှမဆော့ပဲနေရအောင်"

"အွန်း...ငါလည်းသူမနဲ့ဘယ်တော့မှမဆော့တော့ဘူး"

"သူမက ဘေဘီကျူးရဲ့အစွယ်သွေးတဲ့အချောင်းကိုပါ လုယူထားသေးတယ်"

"ဘေဘီကျူးကိုလည်း ရိုက်လိုက်သေးတယ်။ ငါတပ်အပ်မြင်လိုက်တယ်"

'ဝိုး...ဝိုး...ဝိုး....ပုံကြီးချဲ့တာတကယ်တော်ကြတာပဲ။ ငါသူ့ကိုရိုက်လိုက်တာ ဘယ်နတ်မျက်စိပိုင်ရှင်က မြင်လိုက်တာလဲ'

"ငါတမင်လုပ်တာမဟုတ်ပါဘူး" ယောင်စစ်ဒေါသကိုမနည်းထိန်းထားရတယ် "ပြီးတော့ သူ့ကိုလည်းမရိုက်ဘူး"

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Where stories live. Discover now