Description

18.2K 523 16
                                    

Unicode

ခဏလေးအိပ်ပျော်သွားရာကပြန်နိုးလာတော့မင်းရဲ့ဂြိုဟ်ကြီး(ကမ္ဘာကြီး)ကမရှိတော့တာသိလိုက်ရမယ်ဆိုရင်မင်းဘယ်လိုလုပ်မလဲ

author:"အဲ့တာပုံပြင်ခေါင်းစဉ်..သိရဲ့လား မသိမှာစိုးလို့လာပြောပြတာ"

ဟိုးးရှေးရှေးတုန်းကပေါ့ကွယ် မင်းသမီးလေးတစ်ပါးရှိသတဲ့...

author:"အဲ့တာကြီးမကောင်းဘူး ပြန်ဖျက်လိုက်..."

ဟိုးးရှေးရှေးတုန်းက ယောင်စစ်ဆိုတဲ့သူတော်စင်နတ်သမီးလေးတစ်ပါးရှိသတဲ့ကွယ်...

သူမဟာhikikomoriဆိုတဲ့မြို့ကလေးမှာသာမန်အေးချမ်းတဲ့ဘဝလေးကိုပိုင်ဆိုင်ထားပြီးသက်သောင့်သက်သာရှိလှတဲ့တိုက်ခန်းငယ်လေးမှာနေထိုင်တဲ့မိဘမဲ့လေးတစ်ယောက်ပေါ့ကွယ်
(T/N: hikimomoriမြို့ဆိုတာယောင်စစ်ကိုရွဲ့ထားတာပါ။ hikimomoriဆိုတာ တစ်နေ့တစ်နေ့ စားလိုက် လိုင်းသုံးလိုက် အိပ်လိုက် ဇာတ်ကားကြည့်လိုက်နဲ့ ဘာမှအလုပ်အကိုင်ရေရေရာရာမရှိဘဲ အိမ်တွင်းပုန်းနေတတ်တဲ့ ၁၀၉ ၁၁၀တွေကိုခေါ်တဲ့ အသုံးအနှုန်းပါ)

သူ့ရဲ့သာမန်နေ့ရက်တွေကနေရုန်းထွက်ပြီးတစ်ခုခုလုပ်တော့မယ်လို့တွေးမိလိုက်တဲ့အချိန်မှာပဲ.....သူမဟာ....သေဆုံးသွားသတဲ့

ကံကြမ္မာကြီးကချစ်ဖို့ကောင်းစွာနဲ့ပဲ မည်သို့မည်ပုံဖြစ်သွားသည်မသိဘဲယောင်စစ်ကလေးဟာဗန်ပိုင်းယားဖြစ်သွားရှာသတဲ့...ပိုဆိုးတာက သူမဟာဘာမှမတတ်တဲ့အသုံးမကျတဲ့ပဉ္စမမျိုးဆက်ဖြစ်နေရှာတာပါပဲ...

ဗန်ပိုင်းယားတွေမှာလည်းသူတို့ရဲ့လျှို့ဝှက်လူနေမှုစနစ်တွေ အစဉ်အဆက်ရန်ငြိုးတွေရှိကြပြီး သူတို့ကိုယ်သူတို့သွေးစုတ်ဖုတ်ကောင်တွေလို့ခေါ်ကြသတဲ့ကွယ်

အဲ့ဒီသွေးစုပ်ဖုတ်ကောင်တွေအချင်းချင်း ရန်ငြိုးတွေကနေမျိုးနွယ်တူချင်းစစ်ပွဲကြီးနောက်တစ်ခုဖြစ်လာတော့လည်းအဲ့ကောင်မလေးကစိတ်တောင်မပူဘူးတဲ့ကွယ်

"သူတို့တွေဘယ်လောက်ပဲတိုက်တိုက် ငါနဲ့မဆိုင်ပါဘူးလေ ငါ့ကိုအကျိုးသက်ရောက်ဖို့ဆို အံ့သြဖွယ်ဖြစ်ရပ်တစ်ခုခုဖြစ်မှပဲဖြစ်နိုင်လိမ့်မယ်"သူမကတွေးလေသတဲ့...

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Where stories live. Discover now