အပိုင်း-၄၃ (စကြဝဠာသားရဲကြီး)

1.9K 379 9
                                    

Unicode

ယောင်စစ်က သူမရဲ့အစွမ်းနဲ့အခုထိမရင်းနှီးသေးတာကြောင့် မထိန်းချုပ်နိုင်သေးတာဖြစ်ကြောင်း မူရွှမ်ရှင်းပြသွားတာကိုထောက်ရင် ယောင်စစ် အများကြီးလေ့ကျင့်ဖို့လိုနေသေးတာ အသိသာကြီးဆိုပေမယ့် ဒီလောက်မြန်မြန်ကြီး လေ့ကျင့်ဖို့အခွင့်အရေး ရလာလိမ့်မယ်လို့ ယောင်စစ်ထင်မထားခဲ့ဘူး။

ယောင်စစ် အာကာသယာဉ်ပျံတွေနဲ့ပြည့်နေတဲ့ ကောင်းကင်ကြီးကို ငေးကြည့်နေရင်း ခေါင်းထဲမှာအဝိုင်းလည်နေတယ်။ (ဒီနေရာမှာကောင်းကင်ဆိုတာ ကမ္ဘာပေါ်ကကောင်းကင်ကိုပြောတာမဟုတ်ပါဘူး။ အာကာသပြင်ကြီးကိုပြောချင်တာပါ)

အိမ်ပြန်ရောက်ပြီးအိပ်ပျော်သွားတဲ့အထိပဲမှတ်မိလိုက်တယ် စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်သွားနဲ့အချိန်မှာ အခုလိုအာကာသအပြင်ဘက်ကြီးထဲရောက်နေတော့တာပဲ။ ဘေးပတ်ပတ်လည်မှာလည်း အာကာသယာဉ် ဆိုဒ်စုံဒီဇိုင်းစုံတို့ကနေရာယူထားတယ်။

"ဒါကဘယ်ရောက်နေတာလဲ" အိမ်မက်ယောင်နေတာလား။ ငါ့မှာအိပ်နေရင်းနဲ့ယောင်ပြီးလမ်းထလျှောက်တတ်တဲ့ရောဂါရှိနေတာများလား။

"စကြဝဠာကြီးရဲ့အဆုံး....အသူရာချောက်နက်.."

"ဘာကြီးရယ်??" ပြောလိုက်ရင်လည်း ငါဉာဏ်မမှီတဲ့စကားတွေချည်းပဲ

"ဒီနေရာက စကြဝဠာရဲ့ နယ်နိမိတ်အစွန်းပဲ" မူရွှမ်ရှင်းပြလိုက်တယ် "ဒီထက်ဆက်သွားရင် အဆုံးမရှိတဲ့ချောက်တစ်ခုထဲပြုတ်ကျသွားလိမ့်မယ်"

"အဲ့တာဆို ဒီကိုဘာလာလုပ်ကြတာတုန်း"

မူရွှမ်က ယောင်စစ်ဘက်လှည့်ကြည့်လိုက်ပြီး သူမရဲ့ခေါင်းကို အသာအယာပွတ်ပေးလိုက်တယ် "မင်းရဲ့အစွမ်းကတမူထူးခြားနေတယ်။ ပြီးတော့ အခုထိပိုင်ပိုင်နိုင်နိုင်သုံးနိုင်သေးတာမဟုတ်ဘူး။ အဲ့တာကြောင့် လေ့ကျင့်လို့ရအောင်ခေါ်လာတာလေ"

ငါလေ့ကျင့်တာနဲ့ စကြဝဠာရဲ့အစွန်နဲ့ဘာဆိုင်လို့တုန်း

"လေ့ကျင့်ဖို့အကောင်းဆုံးနေရာက တကယ့်စစ်မြေပြင်ပဲလေ။ မဟုတ်ဘူးလား" မူရွှမ်က ဆက်ပြောလိုက်တယ်။

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Wo Geschichten leben. Entdecke jetzt