"ဖေဖေ...နောက်ဆုံးတော့ အိမ်ပြန်လာပြီပဲ!" ယောင်စစ်မူရွှမ်ကိုပြေးဖက်လိုက်တယ်။
နင့်ဘေဘီလေး ဘယ်လောက်တောင်ကြောက်နေခဲ့တယ်ဆိုတာ သိရဲ့လား ကျေးဇူးရှင်ကြီးရဲ့!!
"မူ..ရွှမ်..." မူရွှမ် တစ်လုံးချင်းသေချာရွတ်ပြလိုက်တယ် "ဒါမှမဟုတ်...အဖေလို့ပဲခေါ်"
"ဖေဖေမူရွှမ်..."
"....." မူရွှမ် သက်ပြင်းတစ်ချက်ချလိုက်တယ်။ "အိမ်ထဲကိုလူဆိုးတွေဝင်လာတယ်ကြားတယ်" ယောင်စစ်ဘာမှမပြောနိုင်ခင် ဦးအောင်မေးလိုက်တယ်။
"ဟုတ်ပ!!" ယောင်စစ်ခေါင်းခါပြရင်းဆက်ပြောလိုက်တယ်။ "ထားတော့...အဲ့ကိစ္စကအရေးမကြီးဘူး။ အခြားအရေးကြီးကိစ္စတစ်ခုပြောစရာရှိတယ်။ ကြည့်ရတာ ကျွန်မရဲ့အစွမ်းမှာ ပြဿနာတစ်ခုခုရှိနေတယ်ထင်တာပဲ" ယောင်စစ်မူရွှမ်အကြောင်းကို ကောင်းကောင်းသိလို့ လိုရင်းကိုပဲတန်းပြောလိုက်တယ်။
မူရွှမ် ယောင်စစ်ကို တစ်ကိုယ်လုံးစေ့စေ့စပ်စပ်စစ်ဆေးလိုက်ရင်း မျက်မှောင်ကြုတ်မိလိုက်တယ်။ သူ့ကလေးလေးကိုယ်မှာ ဘာဒဏ်ရာမှမရှိတာသေချာတော့မှပဲ ခက်ထန်နေတဲ့မျက်နှာက အနည်းငယ်ဖြေလျော့သွားတယ်။
သူ့ကလေးလေးဘယ်လောက်တောင်ကံဆိုးရှာသလဲ။ အပြင်သွားတော့ ပြန်ပေးဆွဲခံရတယ်။ အိမ်မှာနေတော့လည်း အိမ်ကိုသူခိုးဝင်တယ်။ အခုအချိန်ကစပြီး သူမကိုဒီ့ထက်ပိုပြီးအသေအချာစောင့်ရှောက်မှဖြစ်တော့မယ်။ သူ့ကလေးလေးနဲ့တွေ့ရတာမှဘယ်လောက်မှမရှိသေးဘူး သူကလေးကို သူများတွေကဝိုင်းအနိုင်ကျင့်နေတာကို ဘယ်လိုလက်ပိုက်ကြည့်နေရမလဲ!!!
"မင်းရဲ့အစွမ်းက ဘာဖြစ်လို့လဲ" ပြောရင်းနဲ့ယောင်စစ်ရဲ့လက်မောင်းကိုကိုင်လိုက်ပြီး သူမရဲ့အခြေအနေကိုစစ်ဆေးဖို့ စွမ်းအင်အချို့ပို့လွှတ်လိုက်တယ်။ စွမ်းအင်က ယောင်စစ်ရဲ့ခန္ဓာကိုယ်တစ်ပတ်ပြည့်အောင် လှည့်ပတ်ပြီးပေမယ့် ဘာမှအထွေအထူးမခံစားရတာနဲ့ပဲ သူ့စွမ်းအင်တွေကိုပြန်သိမ်းလိုက်တယ်။
ဘာမှမသိလိုက်ရှာတဲ့ယောင်စစ်ခမျာတော့ မနေ့ညကဖြစ်ပျက်သွားသမျှ ဖြစ်ကြောင်းကုန်စင်ကို အာပေါင်အာရင်းသန်သန်နဲ့ရှင်းပြပါတော့တယ်။
YOU ARE READING
ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )
Humorကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 ကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 please don't reupload my works :') Myanmar translated by Jue🌸