အပိုင်း(၅၄) တူလေးကု ပျောက်ဆုံးနေခြင်း

2K 283 24
                                    

Unicode

တစ်ကျောင်းလုံးရဲ့ ကံကောင်းစေတဲ့အဆောင်လက်ဖွဲ့လေးဖြစ်ရတာ လွယ်ကူလှတဲ့ကိစ္စတော့မဟုတ်ခဲ့ပါဘူး။

ဘယ်သူ့မှ သူ့ခေါင်းကိုအာသာငမ်းငမ်းအကြည့်တွေနဲ့လိုက်မကြည့်နိုင်အောင် အိမ်သာထဲသွားထိုင်နေတာတောင်မှ အိမ်သာအပြင်ကနေ သူ့အကြောင်းစောက်တင်းတုပ်နေတာတွေကို မကြားချင်မှအဆုံးပါပဲ။ ဥပမာအားဖြင့် "ဟဲ့...ဟဲ့...နင်သိပြီးပြီလား...ငါတို့ကျောင်းသားခေါင်းဆောင်ဥက္ကဌအသစ်လေ...သူ့ခေါင်းကို နတ်ဘုရားမူကတကယ်ကြီးထိသွားတာတဲ့!!!" ဆိုတာမျိုးတွေပေါ့။

"......"

ယောင်စစ် သွေးတစ်ပွက်အန်မိလိုက်တယ်။ ဒါပေမယ့် သူကျောင်းသားခေါင်းဆောင်စဖြစ်တဲ့နေ့ကတည်းက အခုထိ သူမျှော်လင့်ထားသလို ဖိအားတွေအခက်အခဲစိန်ခေါ်မှုတွေတစ်ခုဆိုတစ်ခုလေးမှမကြုံရသေးဘူး။ ကျောင်းသားထုကြီးတစ်ခုလုံးက အရင်အတိုင်းပဲစည်းစည်းလုံးလုံးရှိနေပြီး အခြေအနေတွေဒီလိုဖြစ်ကုန်တာကို တည်တည်ငြိမ်ငြိမ်လေးလေးနက်နက်လက်ခံလိုက်ကြတယ်။ ကော်မတီအဖွဲ့ဝင််တွေအကုန်ကလည်း သူခိုင်းသမျှကို မျက်စိစုံမှိတ်လုပ်ပေးနေကြတုန်းပဲ။ တစ်ခါတလေလေး တစ်ယောက်တလေက သူ့ဆုံးဖြတ်ချက်ကိုမကြိုက်ဘူးဆိုရင်တောင် ဥက္ကဌရဲ့အမိန့်အာဏာက အရာအားလုံးရဲ့အထက်မှာရှိတာမို့ သုံးမိနစ်အတွင်း ကိုယ့်ကိုယ်ကိုတရားချပြီး ငါတို့ဥက္ကဌကြီးဘာလုပ်လုပ်မှန်တယ်ဆိုတာမျိူးဖြစ်ကုန်ကြတာပါပဲ။

ဘာရယ်?? တစ်ခုခုမှားကုန်ရင် ဘယ်လိုလုပ်ကြမလဲ?? ဟုတ်လား??

အဓိပ္ပာယ်မရှိလိုက်တာ!! နတ်ဘုရားမူကိုယ်တိုင်ရွေးချယ်သွားတဲ့သူက မှားစရာအကြောင်းမှမရှိတာ။ နတ်ဘုရားမူရဲ့ဖန်တိုင်းသိတဲ့ အခြေခံကျင့်ဝတ်တွေထဲမှာ နတ်ဘုရားမူဘာလုပ်လုပ် မျက်စိမှိတ်ပြီးယုံကြည်ရမယ်ဆိုတာ ထိပ်ဆုံးကပါတယ်လေ!! ဥက္ကဌယောင်ကိုမယုံကြည်တာက နတ်ဘုရားမူကိုမယုံဘူးကွဆိုပြီး ဒဲ့စော်ကားလိုက်တဲ့အတိုင်းပဲ!!!

ဘာ!! ဥက္ကဌယောင်က ဘာမှအတွေ့အကြုံမရှိသေးတဲ့လူသစ်လေး?? ဟုတ်လား??

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Onde histórias criam vida. Descubra agora