အပိုင်း-၁၇ (ရှင်လိုချင်နေတဲ့ ယုန်တွေ)

1.8K 268 1
                                    

Unicode

ရွာရဲ့အပြင်မှာတော့ မျက်စိတစ်ဆုံးကျယ်ပြန့်လှတဲ့တောကြီးပဲရှိတယ်။ ခုမှစဆော့တဲ့လူတွေအတွက် လွယ်အောင်လို့ထင်တယ်။ သစ်ပင်တွေကအရမ်းကြီးမမြင့်ဘူး။ အောက်ခြေမှာလည်းချုံတွေ အရမ်းကြီးရှုပ်မနေဘူး။ မကြာခဏဆိုသလိုပဲ မြက်ခင်းလေးတွေပေါ်မှာ မြက်ပင်လေးတွေလှုပ်လှုပ် လှုပ်လှုပ်ဖြစ်သွားတာမြင်နေရတယ် ။ သိပ်မကြာပါဘူး သူရှာနေတဲ့သတ္တဝါလေးတစ်ကောင်ထွက်လာပါလေရော။

လူသစ်တွေအတွက် missionလို့မပြောရဘူး။ သူတို့ရှာခိုင်းလိုက်တဲ့အကောင်ကို ချက်ချင်းဆိုသလိုတွေ့ရတာပဲ။ ယောင်စစ်ရဲ့မျက်လုံးတွေကအင်မတန်စူးရှပြီး လက်တွေကအလွန်လျင်မြန်တော့ ချက်ချင်းပဲထွက်လာတဲ့ယုန်လေးကိုဖမ်းလိုက်နိုင်တယ်။ ပြီးတာနဲ့ နောက်တစ်ကောင်ဆက်ရှာပါတော့တယ်။

ရွာထဲကထွက်လာတာ ဆယ်မိနစ်တောင်မရှိသေးဘူး။ ယောင်စစ် ယုန်နှစ်ကောင်ဖမ်းပြီးသွားပြီ။ အဲ့တော့မှပဲ ရွာထဲကိုပြန်ပြီး ခုနကအသားဆိုင်ဆီတည့်တည့်မတ်မတ်သွားလိုက်တယ်။

ဆိုင်ကိုလည်းရောက်ရော တဆတ်ဆတ်တုန်နေတဲ့ယုန်လေးနှစ်ကောင်ကို စဉ်းနှီတုံးပေါ်တင်ပေးလိုက်တယ်။

ဆိုင်ရှင်သားသတ်သမား ချင်ကတော့ ယောင်စစ်ကိုငေးနေတုန်းပဲ။

ပြီးတော့မှ စဉ်းနှီတုံးပေါ်ကယုန်လေးနှစ်ကောင်ကို ဆယ်စက္ကန့်လောက်စိုက်ကြည့်ပြီး ကြောင်နေတယ် "မိန်း...မိန်းကလေး...ဘာလုပ်ချင်နေတာလဲ။ ဘာလို့ကျွန်တော့်ကို ဗလိုင်းကြီးယုန်တွေလာပေးနေတာလဲ"

တိတ်ဆိတ်နေသောယောင်စစ် "....."

'missionပြီးမြောက်ကြောင်းတွေ ပြောနေတာထင်တယ်။ ယုန်နှစ်ကောင်အတွက် ဘာဆုရမလဲမသိဘူးရော'

ချင်လည်း အတော်ကြာဘာလုပ်ရမှန်းမသိဖြစ်နေတယ်။ ပြီးတော့မှ ယောင်စစ်ရဲ့နာမည်ကိုမော့ကြည့်ပြီး နားလည်သွားတော့တယ် "အော်....မိန်းကလေးက'ကြင်နာခြင်းရဲ့အဆိပ်'မိနေလို့ ကျော်ကြားလေးစားမှုရအောင်လုပ်ဖို့လိုနေတာကိုး။ အဲ့တာဆိုလည်း ဒီယုန်တွေကိုကျွန်တော်ယူလိုက်ပါ့မယ်။ ကျေးဇူးတင်ပါတယ် မိန်းကလေး" ဉာဏ်ရည်မြင့်NPCတစ်ယောက်အနေနဲ့ ဒီလူဘာလုပ်ချင်နေတာလဲဆိုတာကို ချက်ချင်းခန့်မှန်းမိသွားတယ်။

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Tempat cerita menjadi hidup. Temukan sekarang