အပိုင်း-၄ (အပြစ်မဲ့ပွဲကြည့်ပရိသတ်လေး)

2.2K 367 6
                                    

Unicode

ယောင်စစ်ရဲ့ ရင်ထဲတင်းကျပ်လာပြီး တစ်ကိုယ်လုံးတောင့်သွားတယ်။ ရှိစုမဲ့စုသတ္တိလေးတွေစုပြီး မော့ကြည့်လိုက်တော့ သူမနဲ့သိပ်မဝေးတဲ့ မီးတိုင်တစ်တိုင်ပေါ်မှာ လူတစ်ယောက်ရပ်နေတာ တွေ့လိုက်ရတယ်။ အနက်ရောင်မိုးကာအင်္ကျီရှည်ကြီးကို ဝတ်ထားတော့ မျက်နှာကိုသဲသဲကွဲကွဲမမြင်ရဘူး ။ ဒါပေမယ့် သူ့ခေါင်းပေါ်ကရွှေဝါရောင်ဆံပင်တွေကိုကြည့်တာနဲ့ နိုင်ငံခြားသားတစ်ယောက်ဆိုတာသိသာတယ်။

"မင်းတို့ရဲ့ အနောက်တိုင်းကကောင်တွေကလည်း ထင်သလောက်မကြမ်းပါဘူး" အေးစက်နေတဲ့ နောက်ထပ်အသံတစ်ခုထွက်လာတယ်

အဲ့အသံကြားတော့မှပဲ နောက်ထပ်ကပ်လျက်မီးတိုင်တစ်ခု ပေါ်မှာ နောက်ထပ်လူတစ်ယောက်ရှိသေးတာသတိထားမိလိုက်တယ်။ သူ့မျက်နှာကဟိုလူထက်တော့ သဲသဲကွဲကွဲမြင်ရတယ်။ ပြီးတော့ သူ့ရဲ့အမည်းရောင်ဆံပင်တွေကိုကြည့်ရတာ ယောင်စစ်တို့လိုအရှေ့တိုင်းကဖြစ်မယ်ထင်တယ်။

ဒီလူနှစ်ယောက်က သွေးစုပ်ဖုတ်ကောင်တွေပဲဖြစ်ရမယ်။ သူတို့တွေဆီက မမြင်ရတဲ့ဖိအားတစ်ခု ခံစားနေရတယ်။ လီကျန့်ဆီကခံစားရတဲ့ ဖိအားနဲ့တခြားစီပဲ။ သူမထင်တာမမှားဘူးဆို သူတို့တွေက လီကျန့်ပြောတဲ့ ပထမသုံးဆက်က သွေးစုတ်ဖုတ်ကောင်တွေထင်တယ် 'နေပါဦး...သူတို့တွေတိုက်လက်စကြီးမလား'

'အကိုလီပြောတော့ တိုက်ပွဲကမြို့တော်Aမှာဆို၊ အဲ့တာဆိုဒါကဘာကြီးတွေလဲ။ တိုက်ပွဲမစခင် သွေးပူလေ့ကျင့်ခန်းလာလုပ်ကြတာလား'

ယောင်စစ် သူမရှေ့က တစ်စစီကျေပြီးမီးဖွားတွေတဖွားဖွားထွက်နေတဲ့မီးဆိုင်းဘုတ်ကြီးကိုကြည့်ပြီး ကြောက်စိတ်တွေ ရင်ထဲကနေကိုအလိပ်လိုက်တက်လာတယ်။ ခုနကသာ သူတစ်လှမ်းလောက်ပိုလှမ်းမိရင် ဒီဟာကြီးကျေးဇူးနဲ့ သူ့ခေါင်းရှစ်စိတ်ကွဲပြီပဲ။

ကံကောင်းထောက်မစွာနဲ့ ဟိုလူနှစ်ယောက်က သူမကိုအရေးလုပ်ဖို့ နည်းနည်းမှမအားတာကိုတွေ့လိုက်ရတော့ ယောင်စစ်အဲ့နေရာက အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီးပြေးဖို့လုပ်တယ်။ ဒါပေမယ့် ပြေးဖို့ ခြေထောက်ကြွလိုက်တာနဲ့ ရုတ်တရက် လေပြင်းတွေတိုက်လာတယ်။ မြေပေါ်မှာကြွေကျနေတဲ့သစ်ရွက်တွေတောင် လေပြင်းသယ်ရာ ပါကုန်ကြတယ်။

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Where stories live. Discover now