အပိုင်း-၃၄ (ငါယိုးမကြော်ငြာတွေ)

1.7K 268 4
                                    

Unicode

မူရွှမ် သူမကို ဖတ်ဖို့ပေးထားတဲ့ "စကြဝဠာအကြောင်း သိကောင်းစရာအဖုံဖုံ" ဆိုတဲ့စာအုပ်ထဲမှာရေးထားပုံအရဆိုရင် ကမ္ဘာပေါ်မှာတုန်းက ကုလသမ္မဂမဟာမိတ်အဖွဲ့လိုမျိုးပဲ ဒီမှာလည်း အကြီးဆုံးအိမ်နီးချင်းဂြိုဟ်သုံးခုပေါင်းပြီးဖွဲ့ထားတဲ့ မဟာမိတ်အဖွဲ့တစ်ခုရှိတယ်ဆိုပဲ

သူတို့သွားမယ့်အဆုံးမဲ့အလင်းတန်းဂြိုဟ်ဆိုတာက အနီရောင်ဂြိုဟ်ကနေ အလင်းနှစ်ပေါင်း၃၀၀၀လောက်ဝေးတယ်။ ဒါပေမယ့် အခြားဂြိုဟ်တွေနဲ့စာရင် အဲ့တာက သူတို့ဂြိုဟ်နဲ့အနီးဆုံး အဓိကဂြိုဟ်ကြီးပဲ

ယောင်စစ် တစ်ညလုံးစိတ်လှုပ်ရှားစွာနဲ့ အတော်ကြာမှအိပ်ပျော်သွားပြီး အစောကြီးနိုးလာတယ်။ အပြာရောင်ဂြိုဟ်ပေါ်ကနေ အခုမှနိုးထလာတဲ့ စောင်တောသားလေးယောင်စစ်ကတော့ ဒီနေ့ ဓားပျံကြီးပဲထပ်စီးရမလား တစ်ကိုယ်စာ ယာဉ်အသေးလေးပဲထပ်စီးရမလား ကြိုတွေးရင်း ရင်ခုန်နေလေရဲ့

အဲ့အချိန်မှာပဲ မူရွှမ်က ရှေ့ကနေ အိမ်ရှေ့တံခါးကိုဖွင့်လိုက်ပြီး တံခါးဝမှာရပ်နေရင်းနဲ့ ယောင်စစ်ကိုလက်ပြလိုက်တယ် "သွားကြမယ်"

"ဟုတ်" ယောင်စစ် သူ့အနားကို ခပ်သွက်သွက်ပြေးသွားလိုက်တယ်

မူရွှမ်လည်း ယောင်စစ်ရဲ့လက်ကိုကိုင်လိုက်ပြီး အိမ်အပြင်ကို အတူတူထွက်လိုက်ကြတယ်။ အိမ်အပြင်ထွက်ထွက်လိုက်ချင်းမှာပဲ မျက်စိကျိန်းလောက်အောင်စူးရှတဲ့နေရောင်ခြည်က သူတို့အပေါ်ကျရောက်လာတယ်။ ဒီလိုမျိုး နေသာတဲ့နေ့ဆိုတာ အနီရောင်ဂြိုဟ်ပေါ်မှာ မရှိသလောက်ပဲ။ အဲ့တော့ ဒီနေ့က အပြင်ထွက်လည်ဖို့အတွက်သင့်တော်တဲ့ သာယာတဲ့နေ့လေးဆိုတာသေချာတယ်

"ရောက်ပြီ" မူရွှမ်က တုံးတိပြောလိုက်တယ်

"အမ်..?" ယောင်စစ်ကြောင်နေတယ်။ 'သူဘာပြောလိုက်တယ်?'

"ဒီမှာ လူအရမ်းများတယ်။ လူမကွဲအောင်သတိထား။ လျှောက်မသွားနဲ့" မူရွှမ်ကတော့ အပီအပြင်မှာတမ်းချွေနေတယ်

အဲ့ကျတော့မှပဲ ယောင်စစ်တစ်ယောက် သူမရှေ့ကမြင်ကွင်းက သူမမြင်နေကျ နန်းတော်ရှေ့ခြံဝင်းမြင်ကွင်းမဟုတ်တော့ဘူးဆိုတာသိလိုက်ရတယ်။ အဲ့ဒီမြင်ကွင်းအစား လူတွေပျားပန်းခတ်စည်ကားနေတဲ့ မီးခိုးရောင်လမ်းမကြီးတစ်ခုက နေရာယူထားတယ်။ ယောင်စစ် ရုတ်တရက်နောက်ကိုလှည့်ကြည့်လိုက်တော့ သူတိုဘနောက်မှာ တဖြည်းဖြည်းမှိန်ပြီးပျောက်ကွယ်နေတဲ့ တံခါးပုံသဏ္ဌာန်လေးထောင့်ကွက်တစ်ခုကို မြင်လိုက်ရတယ်။ အဲ့ဒါရဲ့နောက်မှာ သူမထိုင်နေကျ ဧည့်ခန်းထဲက ပရိဘောဂပစ္စည်းတွေကို ခပ်ရေးရေးမြင်နေရတုန်းပဲ

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Donde viven las historias. Descúbrelo ahora