အပိုင်း-၂၂ (အကြီးအကဲခေါင်းဆောင် ရောက်လာပြီ)

1.8K 295 16
                                    

Unicode

အကြီးအကဲကော်မတီထဲမှာလည်း လှုပ်ရွလှုပ်ရွဖြစ်နေကြတယ်။

"ဘယ်လိုဖြစ်ရတာလဲ။ ဘယ်လိုလုပ်ပြီး ဒီဒုစရိုက်ကောင် ကျေးဇူးရှင်ကြီးက ငါတို့နယ်ခြားစည်းထဲဝင်လာလို့ရသွားတာလဲ။ သူက Wကြယ်အစုအဝေးကိုရောက်နေတာမဟုတ်ဘူးလား"

"ကြည့်ရတာ သူ ငါတို့ဂြိုဟ်ကိုလွန်ခဲ့တဲ့၂နာရီကမှဝင်လာတာနဲ့တူတယ်"

"လခွမ်းနဲ့မှပဲ ပြန်လာစရာအချိန်ရှားလို့ အခုလိုအချိန်မှပြန်လာစရာလား"

"ကြည့်ရတာ သူလည်းသခင်မလေးနိုးထလာတဲ့ အကြောင်းကြားစာကိုရ....."

"ဘာ...! ဘယ်သူလဲကွ ဒီလောက်အရေးကြီးတဲ့ကိစ္စကို သူ့ကိုဘယ်မအေယိုးသွားအကြောင်းကြားတာလဲ"

"ကြည့်...ကြည့်ရတာ...ဝန်ကြီးယန်နဲ့တူတယ်"

လူတိုင်းငြိမ်ကျသွားပြီး နယ်ခြားစည်းကိုဖြတ်ပြီးလူဝင်ရောက်လာကြောင်း အသိပေးချက်ကို လက်ထဲမှာကိုင်ထားတဲ့ ယန်ရွှမ်ကိုတစ်ညီတညွတ်ထဲဝိုင်းကြည့်လိုက်ကြတယ်။

ယန်ရွှမ်ရဲ့လက်တွေ တဆတ်ဆတ်တုန်လာတယ် "သခင်မလေးရဲ့ သွေးစစ်ဆေးချက်အဖြေထွက်ထွက်ချင်း အရေးပေါ်အခြေအနေမှာ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး ပထမမျိုးဆက်ပေါင်း၄၀က သွေးစုပ်ဖုတ်ကောင်တိုင်းကို အကြောင်းကြားမိလိုက်တယ်။ အဲ့တာလေ...." အခြေအနေတွေက ကမောက်ကမတွေဖြစ်နေလို့ သူ အဲ့ဒီလူကိုblockဖို့ မေ့သွားတာပဲ။

အကြီးအကဲတိုင်းရဲ့ မျက်နှာတွေမည်းမှောင်သွားတယ်။ ဒုတိယအကြီးအကဲကမတ်တပ်ရပ်လိုက်ပြီး တုံ့ဆိုင်းစွာနဲ့ "မြို့တော်ကို အခုချက်ချင်းချိတ်ပိတ်လိုက်။ ငါတို့သူ့ကိုသခင်မလေးနဲ့အတွေ့ခံလို့မဖြစ်ဘူး"

"အရမ်းနောက်ကျသွားပြီ"

"ဘာ...!?"

"သူက သခင်မလေးရဲ့စံအိမ်ကိုတောင်ရောက်နေပြီ"

"....."

ဆွေးနွေးပွဲခန်းမကြီးတစ်ခုလုံး သုဿန်တစ်စပြင်လို တိတ်ဆိတ်သွားတယ်။ ပြီးတော့မှချက်ချင်းပဲ အုပ်စုလိုက်ကြီး ခန်းမထဲကပြေးထွက်သွားကြတော့တယ်
'သခင်မလေး....ခဏလောက်တော့တောင့်ခံထားပါနော်'

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Hikayelerin yaşadığı yer. Şimdi keşfedin