Unicode
"နင် သတိပေးစာ မဖတ်ရသေးဘူးလား" လီကျန့်ကြည့်ရတာ သူမအံ့သြနေတာထက်တောင် ပိုအံ့သြနေတဲ့ပုံပဲ
"သတိပေးစာ?"
"အာ....ဆောတီးပဲ။ နင့်မှာ အုပ်ထိန်းသူ(သူ့ကိုကိုက်သွားတဲ့သွေးစုတ်ဖုတ်ကောင်) မရှိသေးတာမေ့သွားတယ်။အဲ့တော့ အဲ့ဟာသုံးနည်းကို နင်ဘယ်သိဦးမလဲ" သူ့နဖူးကိုသူရိုက်ပြီး ကျိန်ဆဲတော့တယ်
"ဘယ်ကောင်က ဒီလိုအပြစ်မျိုးလုပ်ရက်တာလဲကွာ။ဒါတွေအကုန်အဲ့ကောင်ရဲ့ အပြစ်တွေပဲ။ ကိုက်တုန်းကကိုက်ပြီး တာဝန်မယူပဲ နင့်လိုမွေးကာစလေးကို တစ်ယောက်ထဲပစ်ထားခဲ့ရက်တယ်။ အဲ့ခွေးကောင်ကို ဓားအချောင်းတစ်ထောင်နဲ့ထိုးပြီး ထာဝရအထီးကျန်အောင်ပစ်ထားရမှာ"ကျိန်ဆဲလို့ဝတော့မှပဲ သူမလက်ထဲကကတ်ကိုယူပြီး တစ်စုံတစ်ခုလုပ်လိုက်တယ်။ ထူးဆန်းစွာနဲ့ပဲ လင်းနို့ပုံကတ်ကလေးက အနီရောင်တောက်တောက်လင်းလာပြီး ကတ်ပေါ်က 5 ဆိုတဲ့နံပါတ်က ! ပုံစံပြောင်းသွားတယ်
ဝိုး...ဝိုး...ဝိုး.... ဒီကတ်လေးကဒီလောက်နည်းပညာမြင့်မှန်းဘယ်သူထင်ထားမှာလဲ
"တွေ့လား။ဒီဟာက ကြီးကျယ်တဲ့စစ်ပွဲအတွက် သတိပေးတဲ့အမှတ်အသားပဲ။ဒီကပြန်သွားတဲ့နောက်ပိုင်း ဒီကတ်က အခုလိုထပ်လင်းလာမယ်ဆိုရင် အဲ့အချိန်လုံးဝ အပြင်မထွက်နဲ့နော်" ကတ်ကိုလက်ထဲလှည့်ကစားနေရင်းဆက်ပြောတယ်
"အပြင်မှာ မငြိမ်မသက်တွေစဖြစ်နေပြီမို့ နောက်နေ့ကစပြီး ဆိုင်ပိတ်တော့မယ်""နေပါဦး" ယောင်စစ် စိတ်ရှုပ်နေတုန်းပဲ
"ခုနကပြောတဲ့ ကြီးကျယ်တဲ့စစ်ပွဲဆိုတာ ဘာကြီးလဲ။ဘယ်သူတွေနဲ့ တိုက်ကြမှာလဲ""အနောက်တိုင်းက စောက်တုံးကောင်တွေနဲ့ပေါ့"
လီကျန့်ကသူ့ဘေးကထိုင်ခုံကိုလက်နဲ့ပုတ်ပြပြီးယောင်စစ်ကိုထိုင်ခိုင်းလိုက်တယ်လက်ရှိဗန်ပိုင်းယားတွေရဲ့အခြေအနေတွေက သိပ်ပြီးသဟာဇာတမဖြစ်ကြသေးဘူူး။ အချင်းချင်းတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေကြတုန်းပဲ။ နောက်ဆုံးမှာတော့ အရှေ့တိုင်းနဲ့ အနောက်တိုင်းဆိုပြီး အဓိကအုပ်စုကြီး ၂ခုကွဲသွားတယ်။ ၂ဖွဲ့လုံးမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်တွေ စည်းမျဉ်းတွေ ရှိကြတယ်။
VOCÊ ESTÁ LENDO
ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )
Humorကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 ကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 please don't reupload my works :') Myanmar translated by Jue🌸