Unicode
လုရန်တော့ သေချာပေါက်အလုပ်ပြုတ်ပီလို့ခံစားနေရတယ်။ မဟုတ်ဘူး ပိုဆိုးရင် အသက်ပါ ပျောက်သွားနိုင်တယ်။
'ငါ သွေးစုပ်ဖုတ်ကောင်တစ်ယောက်ကို ကလန်ကဆန်လုပ်မိလိုက်ပြီ။ ပိုဆိုးတာက အစောပိုင်းအဆင့်ပဲရှိသေးတဲ့ မွေးကာစသွေးစုတ်ဖုတ်ကောင်လေး!!!'
သွေးစုတ်ဖုတ်ကောင်ဆိုတာ ဘယ်လိုမျိုးနွယ်မို့လို့လဲ??... သူတို့တွေတည်ရှိလာတာ သမိုင်းမှတ်တမ်းတွေတင်လို့မရတဲ့ အချိန်ကထဲကပဲ။ စကြဝဠာပြည်ထောင်စုကြီးက ပြိုကွဲလိုက်ပြန်ပေါင်းစည်းလိုက်ဖြစ်နေတာ အကြိမ်မရေမတွက်နိုင်အောင်ရှိပြီ။ ရှိသမျှမျိုးနွယ်စုတွေအကုန် ရန်ပွဲတွေထဲမှာ အတန်းရှင်းထယူပြီးရင် ပြန်ငုပ်လျှိုးသွားကြတာချည်းပဲ။ အဲ...သွေးစုပ်ဖုတ်ကောင်တွေကလွဲလို့ပေါ့
စကြဝဠာမှာရှိတဲ့ အသက်ရှင်နေကြတဲ့သူအကုန် ကလေးအစခွေးအဆုံး ဒီမသေနိုင်မဆုံးနိုင်တဲ့ကျေးဇူးရှင်တစ်အုပ်နဲ့ သွားမရှုပ်သင့်ဘူးဆိုတာသိကြတယ်။ အဲ့ဟာကြီးတွေကိုဘာလို့ကြောက်ကြလဲဆိုတော့ သူတို့ရဲ့အဆမတန်သန်စွမ်းလှတဲ့ခန္ဓာကိုယ်တွေကြောင့်လည်းမဟုတ်ဘူး၊ သဘာဝကလက်ဆောင်ပေးထားတဲ့ကိုယ့်ကိုယ်ကိုအလိုအလျောက်ပြန်ကုသနိုင်စွမ်းကြောင့်လည်းမဟုတ်ဘူး၊ အမြဲပြောင်းလဲနေကြတဲ့ တစ်ယောက်နဲ့တစ်ယောက်လည်းမတူတဲ့ အထူးအစွမ်းတွေကြောင့်လည်းမဟုတ်ဘူး၊ သူတို့တစ်မျိုးနွယ်လုံး ရှိကိုရှိမလာသင့်တဲ့ အဓိကအကြောင်းအရင်းက သူတို့တွေက မသေမျိုးတွေဖြစ်နေတာပဲ
ဟုတ်တယ်။ တစ်မျိုးနွယ်လုံးကလေးကအစခွေးကအဆုံး မသေမျိုးတွေချည်းပဲ။ ဘယ်လောက်ပြင်းထန်တဲ့ဒဏ်ရာရရ နောက်ဆုံး စက်သေနတ်နဲ့ တစ်ကိုယ်လုံးအပိုင်းပိုင်းရစရာမရှိအောင်ပစ်သတ်ဦးတော့ အဲ့အစိတ်အပိုင်းတွေကို မြေထဲမြုပ်ရင်မြုပ် မဟုတ်ရင်ရေထဲစိမ်ထားလိုက် ပစ်ထားရင်တောင် ဆယ်စုနှစ်အနည်းငယ်အတွင်း ပြန်ရှင်လာကြတယ်။ ဒီလိုမျိုးနွယ်က စကြဝဠာထဲမှာနေကြတဲ့ ကွန်ပျူတာထဲကအဖျက်ကောင်တွေလိုမျိုးပဲ။
(T/N: အဖျက်ကောင်ဆိုတာဘာလဲသိချင်ရင် နောက်တစ်ကြိမ်သေသွားပြန်တဲ့တပည့်ကျော် အပိုင်း-၁မှာ ရှင်းပြထားပါတယ် သွားဖတ်ကြည့်ကြ😗 အိုင်tranထားတာတော့မဟုတ်ဘူးနော် အဲ့တာက :3)
ESTÁS LEYENDO
ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )
Humorကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 ကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 please don't reupload my works :') Myanmar translated by Jue🌸