အပိုင်း-၂၇ (အခြားသူကို သွားအနိုင်ကျင့်နေပါ့လား)

1.8K 296 5
                                    

Unicode

ယောင်စစ်ရှေ့မှာမတ်တပ်ရပ်နေတဲ့ပုဂ္ဂိုလ်က အတော်ကြာတိတ်သွားပြီးမှပဲ စကားပြန်ပြောတယ်

"ငါက...တကယ် မင်းရဲ့အဖေပါ"

"အဲ့တာဆို ငါလည်းနင့်ရဲ့ တကယ့်အဘိုးလေးလေ" ယောင်စစ်လည်း နည်းနည်းမှမတွေးဘဲ ပြန်ခံပြောလိုက်တယ်
ဒီလူတော့ သေချာပေါက် စိတ်ကျန်းမာရေးသော်လည်းကောင်း ကိုယ်ကျန်းမာရေးသော်လည်းကောင်း ချို့တဲ့နေတယ်နဲ့တူတယ်။ ညကြီးသန်းခေါင် ကွကိုယ်အေးအေးဆေးဆေးမအိပ်ဘဲသူများအခန်းထဲမတ်တပ်လာရပ်နေတာကိုထည့်မတွက်ရင်တောင်မှ လူကြီးတစ်ယောက်လုံးမတ်တပ်ကြီးမြင်နေရတာကို မဟုတ်ပါဘူးလို့ငြင်းနေတဲ့အပြင် သူ့ပါးစပ်ဟလိုက်တိုင်း 'ငါက မင်းအဖေပဲ' ဆိုတာကြီးပဲထွက်လာနေတယ်

စောက်ခွက်လှတိုင်း ပြောသမျှမှာကြွေဆင်းသွားမယ်အထဲ ငါဆိုတဲ့ယောင်စစ်မပါဘူးဆိုတာ နင်မြဲမြဲမှတ်ထား

ဟိုပုဂ္ဂိုလ်က ထပ်ပြီးငြိမ်ကျသွားပြန်တယ်။ လှုပ်လည်းမလှုပ် ဘာမှလည်းမပြောပဲ သူမကိုပဲ မျက်တောင်မခတ်စတမ်းငေးကြည့်နေတယ်။ သူ့ဆီကထွက်နေတဲ့ အေးစက်စက်အငွေ့အသက်က ပိုပြီးတော့တောင်ပြင်းထန်လာသလိုပဲ။ အဲ့အချိန်မှာပဲ မျက်မှောင်ကျုံ့လိုက်ရင်း ရုတ်တရက်ဆိုသလို သူ့လက်ကို ယောင်စစ်ဆီဆန့်လိုက်တယ်

"နင်...နင်ဘာလုပ်မလို့လဲ"

'လခွမ်းပဲ မေ့နေတာ။ သူက ညကြီးသန်းခေါင်မပြောမဆိုနဲ့မိန်းကလေးတစ်ယောက်အခန်းထဲဝင်လာတာဆိုတော့ နှာဘူူးကြီးများလား။ ကိုကြီးကချစ်လို့ပါ တို့ ဘာတို့များ....' ယောင်စစ် ရင်ဘတ်တစ်ခုလုံးသိမ့်ကနဲတုန်သွားတယ် 'အခြေအနေမကောင်းဘူးဟ ယောင်ချမ့်ကိုလှမ်းခေါ်လိုက်ရင်ကောင်းမလား'

_(:зゝ∠)_

ဆိုနေဘေမက် သူ့လက်က သူမပုခုံးပေါ်တောင်ရောက်နေပြီ

"ငါ...မင်းကိုသက်သေပြမယ်လေ" သူ့အသံက အရမ်းကိုအေးချမ်းနေတယ်

"ဟမ်..?" သူဘာကိုဆိုလိုတာလဲ့

ယောင်စစ် ဘာမှတောင်မတွေးလိုက်နိုင်ခင်မှာပဲ အားပြင်းတဲ့စွမ်းအင်လှိုင်းတစ်ခုက သူ့ရဲ့လက်ဖဝါးထဲကနေ သူမထဲကိုစီးဆင်းလာတာခံစားလိုက်ရတယ်။ ယောင်စစ် ချက်ချင်းပဲ မသိစိတ်ကနေ အလိုအလျောက်ရုန်းဖို့ကြိုးစားပေမယ့် အဲ့ဒီစွမ်းအင်တွေက သူမခန္ဓာကိုယ်တစ်ခုလုံးကိုပြန့်သွားတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူမတစ်ကိုယ်လုံး ဆံပင်အဖျားလေးကအစ ခြေသည်းခွံအဆုံး အဲ့ဒီစွမ်းအင်တွေနဲ့ပြည့်နှက်သွားတယ်

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Where stories live. Discover now