အပိုင်း-၂၆ (ငါကနင့်ရဲ့ အဘိုးငယ်ပဲ)

1.9K 315 6
                                    

Unicode

ယောင်စစ် အိမ်ပြန်ရောက်တော့ ယောင်ချမ့်ဆီကနေ ချွီကျဲ့ဘယ်လိုလူစားလဲဆိုတဲ့ အကြောင်းတွေ သိခွင့်ရလိုက်တယ်

သူက တကယ့်ကိုသွေးစုပ်ဖုတ်ကောင်တွေရဲ့ အကြီးအကဲခေါင်းဆောင်ပဲ။ ရုပ်ပိုင်းဆိုင်ရာသန်မာမှုမှာပဲဖြစ်ဖြစ် အစွမ်းမှာပဲဖြစ်ဖြစ် အသိပညာဗဟုသုတရှိမှုမှာပဲဖြစ်ဖြစ် သူကအကြီးအကဲတွေထဲမှာ အထင်ရှားဆုံးပဲ။ ပြိုင်ဖက်မရှိတော်တယ်လို့တောင် ပြောလို့ရတယ်။ သူ့ရဲ့IQကလည်း အားလုံးထဲမှာအမြင့်ဆုံးပဲ။ အဲ့တာက အခြားအပိုတွေမစဉ်းစားပဲတိုက်ခိုက်တတ်တဲ့ အခြားသွေးစုပ်ဖုတ်ကောင်တွေကို အနိုင်ယူနိုင်ရတဲ့အကြောင်းအရင်းပဲ

သူရဲ့အဓိက အပြောင်မြောက်ဆုံးစွမ်းရည်က သူ့ရဲ့လိမ္မာပါးနပ်မှုပဲ။ အဲ့အချက်က သူ့ကိုအခြားဘယ်သူ့မဆိုထက်ကြောက်ဖို့ပိုကောင်းစေတယ်

ယောင်ချမ့်ပြောပုံအရဆိုရင်တော့ သူက ခန့်မှန်းရခက်တဲ့ နားလည်ရမလွယ်တဲ့ အမြဲကြောင်တောင်တောင်နဲ့ ယဉ်ယဉ်လေးရူးနေတဲ့သူတစ်ယောက်ပဲတဲ့

သူဂျင်းထည့်ခဲ့တဲ့လူတွေကို တန်းစီလိုက်မယ်ဆိုရင် စကြဝဠာအကြီးအကဲတွေကအစ နို့စို့အရွယ်ကလေးပုစိလေးတွေအဆုံး လူတန်းကြီးက စကြာဝဠာကို ၁၀ပတ်လောက်ပတ်လို့ရမယ်ထင်တယ်။ တွေ့သမျှလူတိုင်းကိုဂျင်းထည့်ရတာ သူ့ဝါသနာပဲ။ သူ့ရဲ့ဆောင်ပုဒ်ကတော့

"ငါလူတစ်ယောက်ကိုတွေ့မိတယ်။ ငါသူ့ဆီသွားတယ်။ ပြီးရင် ငါသူ့ကိုဂျင်းထည့်တယ်' ဆိုတာပါပဲ

တစ်ချိန်တုန်းက စကြဝဠာကြီးပျက်ဆီးလုနီးနီး အန္တရာယ်ဖြစ်စေခဲ့တဲ့ Zergတစ်မျိုးနွယ်လုံးကိုအမြစ်ဖြတ် ရှင်းလင်းပေးခဲ့တဲ့ ကယ်တင်ရှင်မျိုးနွယ်ကြီးအဖြစ် သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ကို သူရဲကောင်းမျိုးနွယ်အဖြစ်လေးလေးစားစားဆက်ဆံခဲ့ကြတယ်။ အဲ...အဲ့ဒီကျေးဇူးရှင်ပေါ်မလာခင်အထိပေါ့...

အဲ့ကျေးဇူးရှင်လေးရဲ့ကျေးဇူးတော်ကြောင့် သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ဟာ ကယ်တင်ရှင်မျိုးနွယ်အဖြစ်ကနေ နာမည်ကြားတာနဲ့ခေါင်းကိုက်စေတဲ့မျိုးနွယ်အဖြစ် ရာစုနှစ်တစ်ဝက်လောက်အတွင်း ပြောင်းလဲသွားတယ်

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Hikayelerin yaşadığı yer. Şimdi keşfedin