အပိုင်း - ၄၈ (စကြဝဠာတက္ကသီလာရဲ့ ဝင်ခွင့်စာမေးပွဲ)

1.8K 337 19
                                    

Unicode

စကြဝဠာသားရဲကြီးနဲ့တိုက်ခိုက်ခဲ့ရတာ ခဏလေးဆိုပေမယ့် အဲ့ဒီအတွေ့အကြုံအရ ယောင်စစ်သူ့အစွမ်းကိုနည်းနည်းလေးပိုနားလည်လာတယ်ဆိုရမယ်။ အခုဆို သူ့အစွမ်းရဲ့ဦးတည်ရာကို နည်းနည်းလေးကြိုပြီးခံစားမိနေပြီ။ အဲ...ထိန်းမရဘဲဟွားချီရဲ့မီးကိုချည်းပြေးပြေးငြိမ်းမိနေတာကတော့ တစ်ပိုင်းပေါ့။

မူရွှမ်ခန့်မှန်းပုံအရဆိုရင်တော့ သူ့အစွမ်းကကိုယ့်ဘက်ကစသုံးလို့မရဘဲ အခြားသူတစ်ယောက်ယောက်ရဲ့အစွမ်းကို အနီးအနားမှာခံစားမိမှသာ ထွက်လာတတ်တာဖြစ်ပြီးတော့ ထွက်လာတဲ့အခါမှာလည်း ခုနကခံစားမိတဲ့အနီးဆုံးအစွမ်းကိုပြေးပြီးတိုက်ခိုက်တတ်တဲ့သဘောပဲ။ ပြီးတော့ အနီးကလူအစွမ်းသုံးနေတာရပ်လိုက်တာနဲ့ သူ့အစွမ်းကပါအတူလိုက်ရပ်သွားတယ်။

အဲ့တော့ ပြဿနာကအရမ်းတော့မခက်ပါဘူး။ သူ့အစွမ်းရဲ့ဦးတည်ရာကိုထိန်းနိုင်ရင်ရပြီလေ။ ဒါပေမယ့် သူ့အစွမ်းကကိုယ်ပိုင်အသိစိတ်ရှိနေသလိုမျိုးဖြစ်နေတော့ ထိန်းချုပ်ဖို့ဆိုတာ လွယ်မယ့်ကိစ္စတော့ဖြစ်မယ်မထင်ဘူး။ ဘဝကလည်း တွေ့ကရာဂြိုဟ်တစ်လုံးကို ဘယ်အချိန်ဘယ်လီဘောပုတ်သလို ထပုတ်မိမလဲမသိတဲ့အမျိုး။

မူရွှမ်က သူ့ကိုမတူညီတဲ့အစွမ်းငါးမျိုးနဲ့ အရင်ဆုံးလေ့ကျင့်ပေးဖို့ဆုံးဖြတ်လိုက်တယ်။ ကံကောင်းစွာနဲ့ပဲ စကြဝဠာဓားပြတွေကို အမြစ်ဖြုတ်သုတ်သင်ဖို့ထွက်သွားကြတဲ့ သွေးစုတ်ဖုတ်ကောင်တွေက တဖွဲဖွဲပြန်ရောက်လာကြပြီမို့ ဒီတစ်ခါတော့စကြဝဠာသားရဲကြီးနဲ့ ကျင့်စရာ မလိုတော့ဘူးဆိုရမှာပေါ့။ ယောင်ချမ့်က သူနဲ့လေ့ကျင့်ဖို့ဆိုပြီး မျိုးဆက်၅၀၀မြောက်ပတ်ချာလည်က ကလေးတွေကို ရှာပြီးခေါ်လာပေးတယ်လေ။

တစ်ယောက်သောသူကြီးကတော့ သူမလေ့ကျင့်နေတုန်း သူရှိရင် သူ့အစွမ်းကြောင့် ယောင်စစ်ရဲ့အစွမ်းသုံးမရမှာစိုးလို့ အိမ်မှာပဲနေခဲ့ရလေရဲ့။

ယောင်စစ်တစ်ယောက် သူ့ကိုယ်သူလေ့ကျင့်ရေးထဲမှာပဲ နစ်မြှုပ်ထားလိုက်တယ်။ မနက်တိုင်း မျက်လုံးနှစ်လုံးပွင့်ပြီဆိုတာနဲ့ လေ့ကျင့်ရေးကွင်းကိုသွားပြီး မတူညီတဲ့အစွမ်းငါးမျိုး တစ်ယောက်တစ်ခုစီရှိတဲ့ သွေးစုတ်ဖုတ်ကောင်တွေနဲ့သွားလေ့ကျင့်တယ်။ ခက်တာက စားဖို့သောက်ဖို့အချိန်ရောက်ပြီဆိုတာနဲ့ မူရွှမ်ကသူ့ဆီ တန်းနေအောင်ရောက်လာတတ်တာပါပဲ။

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Hikayelerin yaşadığı yer. Şimdi keşfedin