အပိုင်း-၂ (သင် ဘယ်မှာသေချင်ပါသလဲ)

3.3K 432 14
                                    

Unicode

နေလုံးကြီးက အနောက်ဘက်ကိုဝင်ပြီးပျောက်ကွယ်သွားတဲ့နောက် လောကကြီးက တဖြည်းဖြည်းနဲ့ မှောင်လာပါတော့တယ်...

အဲ့မြင်ကွင်းကိုမြင်တော့ ယောင်စစ်တစ်ယောက် လိုက်ကာထူထူကြီးကို မ တင်လိုက်ပြီး သက်ပြင်းချမိလိုက်တယ်။ မီးတွေတဖြည်းဖြည်းလင်းလာတဲ့ လမ်းတွေကိုကြည့်ရင်း အမည်းရောင်ကုတ်အင်္ကျီအရှည်ကြီးကို ဝတ်ပြီး အပြင်သွားဖို့ပြင်လိုက်တယ်။ အဲ့အချိန်မှာပဲ သူ့ဖုန်းက မြည်လာတယ်...

အိပ်ကပ်ထဲလက်နှိုက်ပြီး ဖုန်းကိုထုတ်ကြည့်လိုက်တော့'unknown number'လို့ပဲ ပြနေတယ် အဲ့စာလုံးနှစ်လုံးကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးမှပဲ ဖုန်းကိုင်လိုက်တယ်

"ဟယ်လို?"

"ယောင်စစ်ဟုတ်ပါသလား"
အတက်အကျမရှိတဲ့အသံတစ်ခုကပြန်ပြောတယ်၊ အသံထဲမှာ အေးစက်တဲ့အငွေ့အသက်တွေ ပါနေပုံကတော့ ဖုန်းထဲကတစ်ဆင့် ကြားရတာတောင့် ကျောထဲကစိမ့်လာတယ်

ယောင်စစ် အဲ့အသံကိုကြားပြီး ဒူးတွေတောင်ခွေချင်သလိုဖြစ်သွားတယ်
"ဟုတ်....ဟုတ်ပါတယ်"

"မင်းရဲ့သေကြောင်းထောက်ခံစာ ခွင့်ပြုမိန့်ကျလာပြီ"
တစ်ဖက်လူက သူနဲ့ အလ္လာပသလ္လာပတောင် ပြောချင်ပုံမရပဲလိုရင်းကိုတန်းပြောတယ်
"လုပ်ငန်းစဉ် ပြီးဆုံးသွားပါပြီ၊မင်းရဲ့သေကြောင်းထောက်ခံစာကို ဘယ်ကိုပို့ပေးစေချင်လဲ"

"အမ်...."
"မင်းဘယ်မှာ သေချင်လဲ"လို့ ကြားမိလုနီးပါးဖြစ်သွားလို့ ယောင်စစ် နှုတ်ခမ်းတွေတောင် တွန့်သွားတယ်
ဒီလိုဖြစ်လာမယ်မှန်း မျှော်လင့်ထားပေမယ့် သူ့အုတ်ဂူဘယ်မှာ ထားချင်လဲ ဆိုတာရွေးခိုင်းနေသလိုပဲ
"ရပါတယ် ကျွန်မဆီသာ ပို့လိုက်ပါ၊ကျွန်မက မိဘမဲ့ဆိုတော့ ပို့စရာ မိသားစုမရှိဘူး"

"ကောင်းပြီ" တစ်ဖက်ကလူက သိမ်မွေ့စွာပြန်ပြောတယ်
ဒါပေမယ့် သူ့အသံကအတက်အကျမရှိသေးဘူး
"ပြီးတော့ မင်းတောင်းဆိုထားတဲ့ စစ်ဆေးချက် အဖြေထွက်လာပြီ မင်းကပဉ္စမ မျိုးဆက်ပဲ"

"ပဉ္စမ မျိုးဆက်..." ယောင်စစ် ရုတ်တရက် မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရတယ်။ပြောစရာမလိုလောက်အောင် အဖြေက စိတ်ပျက်ဖို့ကောင်းလွန်းနေတယ်

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Onde histórias criam vida. Descubra agora