အပိုင်း-၁၁ (မတူကွဲပြားနေတဲ့ စကြဝဠာ)

1.9K 319 5
                                    

Unicode

ယောင်စစ် ခုနကတင် လုရန်ဆီကနေ သူတို့သွားမယ့်နေရာက ဒီအာကာသစခန်းကနေ အရမ်းဝေးတယ်လို့ကြားလိုက်တယ်။ အဲ့တာကြောင့်မို့ တစ်ယောက်ယောက်က သူတို့ကိုလာခေါ်မယ်ဆိုတာသိလိုက်ရတော့ စကြဝဠာထဲမှာခရီးသွားဖို့ အနည်းဆုံး အာကာသယာဉ်တော့ လိုလိမ့်မယ်ထင်ထားတာ။ ယုတ်စွအဆုံး လူတစ်ကိုယ်စာယာဉ်သေးသေးလေးပေါ့။ အဲ့လိုတွေးပြီး တိုးတက်နေတဲ့စကြဝဠာခေတ်ကြီးရဲ့ ပို့ဆောင်ဆက်သွယ်ရေးနည်းပညာကိုလေ့လာဖို့ စိတ်အသင့်ပြင်ထားလိုက်တာပေါ့လေ။

ဒါပေမယ့် လီယွဲ့ကိုမြင်လိုက်ရတဲ့တစ်ခဏမှာ သူမပြင်ဆင်ထားသမျှစိတ်အခြေအနေက မလုံလောက်သေးဘူးဆိုတာသိလိုက်ရတယ်။ သူမလိုအပ်နေတာဗဟုသုတတင်မဟုတ်ဘူး အခုခေါင်းထဲမှာရှိထားတဲ့ နေ့စဉ်လက်တွေ့ဘဝကရခဲ့တဲ့သာမန်အသိဉာဏ်တွေကိုပါ အမှိုက်ပုံးထဲထည့်ဖို့လိုနေတာပဲ

လီယွဲ့က တကယ်ကြီးကို ပျံနေတဲ့ယာဉ် 'သေးသေးလေး' ကိုစီးလာတာ.... သေးတာမှ သူစီးလာတာ ဓားတစ်ချောင်းပဲ!!!

လက်တစ်ဖဝါးစာလောက်အကျယ်လေးနဲ့ ဓားတစ်ချောင်းလုံးက အဖြူရောင်လင်းလက်နေပြီး မှော်ဆန်ဆန်လေထုနဲ့လွှမ်းခြုံထားတယ်။ TVမှာလာနေကျ ရှန်းရှ(ကျင့်ကြံခြင်းလောက)ဇာတ်ကားတွေထဲက သိုင်းသမားတွေပျံဖို့စီးတဲ့ဟာမျိုးပဲ

ယောင်စစ် ဆွံ့အပြီး ပြောစရာစကားရှာမရဖြစ်သွားတယ်

'ငါရောက်နေတာ စကြဝဠာခေတ်လား ရှန်းရှခေတ်လား မသဲကွဲတော့ဘူး။ ဘာလို့လူတွေက ဓားကြီးတွေနဲ့ပျံနေကြတာလဲဟ။ ပြီးတော့ ဒီကလူတွေအကုန်လုံးက သူတို့မျက်စိရှေ့မှာ သိပ္ပံနည်းမကျတဲ့နည်းနဲ့ ပျံနေတာကိုမြင်နေရဲ့သားနဲ့ ဘာလို့ ကျင့်သားရနေသလို မထူးဆန်းသလိုနဲ့ကြည့်နေကြတာလဲ။ ငါအနာဂတ်ကိုရောက်လာတာမဟုတ်ပဲ အခြားကမ္ဘာကိုပါခုန်ကျော်သွားတာလား'

'ငါ့ခေါင်းထဲရှိသမျှ အသိတရားတွေ သဘောတရားတွေ အကုန်လွှင့်သာပစ်လိုက်တော့'

"သူမက မင်းကြိုရမယ်ဆိုတဲ့ မင်းတို့မျိုးနွယ်ထဲက ကလေးမ လား"

လေထဲမှာပျံနေတဲ့ပုဂ္ဂိုလ်က နတ်သားလေးလိုအမူအရာနဲ့ ယောင်စစ်ကိုခေါင်းအစခြေအဆုံးအကဲခတ်ရင်း ဖြည်းဖြည်းချင်းဆင်းသက်လာတယ်။ သူရဲ့ပုံစံက TVတွေမှာပါတဲ့ နတ်ဘုရားမျိုးနွယ်တွေလိုပဲ အေးစက်နေတယ်။ သူ့မျက်နှာမှာ 'ငါတို့ နတ်ဘုရားမျိုးနွယ်တွေက အစဉ်မြင့်မြတ်တဲ့ သူတွေဖြစ်ပြီး လူအများရိုသေလေးစားတာခံယူရမယ့် သူတွေပဲ' လို့စာတန်းကြီးကပ်ထားသလိုပဲ

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Tempat cerita menjadi hidup. Temukan sekarang