အပိုင်း-၃၅ (အလိုလိုက်တဲ့ ရှူးဂါးဒယ်ဒီ)

1.7K 267 4
                                    

Unicode

မူရွှမ်ကြည့်ရတာ သိသိသာသာကို စိတ်အလိုမကျဖြစ်နေသလိုပဲ။ ခုနကကြော်ငြာတွေကြောင့်ဖြစ်မယ်နဲ့တူတယ်။ သူ့ရဲ့မျက်နှာထားက ပုံမှန်အတိုင်းအေးစက်နေပေမယ့် သူ့ပတ်ဝန်းကျင်မှာ ထူးခြားတဲ့ဖိအားတစ်မျိုးကို ယောင်စစ်ခံစားမိနေတယ်

ဟုတ်တယ်လေ။ ဖြစ်သင့်ပါတယ်။ သူ့ရဲ့နှစ်ရာပေါင်းများစွာအနားယူနေရာကနေ နိုးထလာကတည်းက ယောင်စစ်ကိုစာသင်ပေးဖို့နဲ့တင်အလုပ်ရှုပ်နေလို့ အနီရောင်ဂြိုဟ်အပြင်ဘက်ကို တစ်ခါမှတောင်မထွက်ရသေးဘူး။ အဲ့တော့ ကြော်ငြာတွေမှာသူ့နာမည်အလွဲသုံးစားလုပ်ခံနေရတာ ဘယ်သိမလဲ။ အရပ်ရှည်ဆေးတွေ skin careတွေ သိုလှောင်အိတ်ဖွင့်တဲ့ခလုတ်တွေက တော်ပါသေးတယ် ထားပါဦး။ ဘယ်နှယ့် အခုတော့ဖူးစာဖက်ရှာဖွေရေးအေဂျင်စီတွေပါ လုပ်ကုန်ပြီတဲ့လား။ ပြီးတော့ အဆိုးဆုံးက ဒါတွေအတွက် မူရွှမ်တစ်ပြားမှမရဘူးလေ!!

╮(╯_╰)╭

ယောင်စစ် သူ့အတွက် ကြော်ငြာမှာနာမည်အသုံးပြုခတွေ လိုက်ကောက်ပေးချင်သွားမိတယ်

"မင်း အဲ့တာကိုစိတ်ဝင်စားလို့လား" ယောင်စစ် တွေတွေကြီးငိုင်နေတာလည်းတွေ့ရော မူရွှမ်က မှေးမှိန်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ပန်းပွင့်ပုံသဏ္ဍာန်ကြော်ငြာကို ငုံ့ကြည့်ရင်းမေးလိုက်တယ်။ "အဲ့တာဆို သွားကြည့်ကြမယ်လေ"

"အမ်..?" 'ဘာလဲဟ ငါက ကြော်ငြာကြီးဝုန်းဆိုပေါ်လာလို့ ကြောင်နေတဲ့ဟာကို'

မူရွှမ်က သူမရဲ့လက်ကိုဆွဲပြီး လမ်းရဲ့ညာဘက်ခြမ်းကိုခေါ်သွားတယ်။ ကမ္ဘာပေါ်က စျေးလမ်းတွေနဲ့ခြားနားစွာပဲ လမ်းပေါ်မှာ ဘာအဆောက်အအုံမှကိုမရှိဘူး။ အဲ့အစား ထွန်းလင်းတောက်ပနေတဲ့ screenအတန်းလိုက်ကြီးပဲရှိတယ်။ သူတို့တွေဦးတည်ပြီးသွားနေတဲ့screenကြီးပေါ်မှာ "virtual space"ဆိုတဲ့စာလုံးကြီးနှစ်လုံးက အထင်းသားပေါ်နေတယ်။
(T/N: virtual spaceဆို  ဘယ်လိုပြန်ရမလဲ မိမိမသိတော့ပါ :') အမှန်တကယ်မရှိတဲ့ softwareနဲ့ပုံဖော်ထားတဲ့နေရာမျိုးပါ သိပ္ပံကားတွေကြည့်ဖူးရင်သိပါလိမ့်မယ် :3)

space?? အော်...သိုလှောင်အိတ်ကိုပြောတာများလား။ ယောင်စစ်တစ်ယောက် ဘယ်လိုနေရာလဲဆိုတာ အရမ်းသိချင်နေမိတယ်

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Hikayelerin yaşadığı yer. Şimdi keşfedin