အပိုင်း(၅၅) ရန်သူ့ထံသို့

600 106 8
                                    

Unicode

အဲ့တာနဲ့ပဲနှစ်ယောက််သား အဲ့လူတွေနောက်ကိုစိုးရိမ်တကြီးနဲ့ပြေးလိုက်သွားကြတယ်။ သူတို့ယာဉ်ပျံပေါ်ရောက်တယ်ဆိုရုံရှိသေး ဟိုငနဲသားတွေကယာဉ်ပျံကတန်းထွက်တော့တာပဲ။ ယောင်စစ်ဘာဆက်လုပ်ရမလဲဆိုတာ အသေအကြေစဉ်းစားနေတုန်းမှာပဲ ပိုင်ယိကအပေါက်ပိစိလေးတစ်ခုကိုဖွင့််လိုက်ရင်း သူ့ကိုလှမ်းခေါ်တယ် "ဒီလာ"

ယောင်စစ်လည်း၂ခါတွေးမနေတော့ပဲ ချက်ချင်းပြေးလိုက်သွားတယ်။ အပေါက်လေးကအတော်သေးတာ၊ လေဝင်လေထွက်ပေါက်လိုအပေါက်ကလေးဆိုတော့ တစ်ခါဝင်တစ်ယောက်တောင်မနည်းဝင်ရတယ်။ အဲ့အပေါက်ကလေးကနေ လေးဘက်ထောက်ဝင်လာရင်း ယာဉ်ပျံအတွင်းပိုင်းကိုဝင်လာလိုက်ကြတာ စတိုခန်းလိုအခန်းတစ်ခုအရောက်မှာရပ်လိုက်ကြတယ်။ ပိိုင်ယိက ဒီအပေါက်ကလေးရဲ့ဖွင့်နည်းပိတ်နည်းကိုသိနေပုံထောက်တော့ မသိရင်ဒီယာဉ်ပျံကိုသူဆောက်ထားတာကျနေတာပဲ။ သူတို့အဲ့စတိုခန်းလေးထဲခုန်ဆင်းပြီးလို့မှသိပ်မကြာဘူး၊ ယာဉ်ပျံကတစ်ချက်တုန််ခါသွားတယ်။ ဘယ်သွားမလို့လဲတော့မသိပေမယ့် ဝေးဝေးမသွားဖို့မျှော်လင့်ရတာပဲ။

"ဘာမှပူမနေနဲ့" ပိုင်ယိက သူစိုးရိမ်သွားတာကိုရိပ်မိလို့နဲ့တူတယ် "လွန်ခဲ့တဲဲ့၃နှစ်လောက်က ဒီလိုယာဉ်ပျံအသေးစားလေးတွေရဲ့တည်ဆောက်ပုံနဲ့စွမ်းဆောင်ရည်ကို စာတမ်းပြုစုဖူးတယ်။ ဒီကောင်တွေရဲ့တည်ဆောက်ပုံက ခရီးဝေးတွေအတွက်မဟုတ်ဘူး။ ပြီးတော့ဒီအမျိုးစားတွေကportalတွေထဲဝင်လို့ရတဲ့ကောင်တွေမဟုတ်ဘူး။ အဲ့တော့စိတ်သာချ ဒီကောင်တွေဝေးဝေးမသွားနိုင်ပါဘူး"

ပြောရင်းဆိုရင်နဲ့ ယာဉ်ပျံကနောက်တစ်ခါတုန်ခါသွားပြန်တယ်။ ပြတင်းပေါက်ကနေကြည့်လိုက်တော့လည်း မျက်စိတစ်ဆုံးစူးရှတဲ့အဖြူရောင်ပင်လယ်ကြီးကလွဲပြီး ဘာမှမမြင်ရဘူး။ ခဏအကြာမှာ သတိပေးစာသားတစ်ခု ပြတင်းပေါက်မှန်မှာပေါ်လာတယ်။

ဒင်!!!!!

[ယာဉ်ပျံဟာ မကြာမီအချိန်အတွင်းမှာ portalတစ်ခုအတွင်းသို့ဝင်ရောက်ပါတော့မယ်]

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Kde žijí příběhy. Začni objevovat