အပိုင်း-၈ (ကလေးလေးမပျော်တော့ဘူး)

2.2K 380 8
                                    

Unicode

ယောင်စစ်လှမ်းကြည့်လိုက်တော့ တံခါးကနေ အနက်ရောင်ဝတ်စုံပြည့်ဝတ်ထားတဲ့လူတစ်ယောက်ဝင်လာတယ်။ သူ့ရဲ့အသားအရေက အရှေ့တိုင်းနာမည်ကြီးမင်းသားတွေရဲ့အသားအရေအတိုင်းပဲ။ သူ့ရဲ့ပေါင်အလယ်လောက်ထိရှည်နေတဲ့ဆံပင်တွေကိုလည်း တစ်မျှင်ချင်းစီကအစ သေချာရှင်းလင်းဖြီးလိမ်းထားပြီး အရင်းကနေအဖျားအထိ ပိုးသားလေးလို အိစင်းနေတယ်။ ယောင်စစ်သူ့ကိုကြည့်ပြီး ရင်ထဲမှာစကားတစ်ခွန်းပဲပေါ်လာတယ်

'ဒီလူကြီး ဘာခေါင်းလျှော်ရည်တံဆိပ်သုံးတာလဲဟ'

သူ့ပုံစံကအရှေ့တိုင်းကနဲ့တူပေမယ့် သူ့ရဲ့ဝတ်စုံကတော့ အနောက်တိုင်းကဝတ်စုံနဲ့ပိုတူတယ်။ လက်ထဲမှာ ငွေတုတ်ကောက်တစ်ချောင်းကိုင်ထားတယ်။ သူ့ရဲ့သန့်ရှင်းကျော့မော့ပြီးခန့်ညားလှတဲ့အမူအရာတွေနဲ့လိုက်ဖက်စွာပဲ သူ့ရဲ့ပါးစပ်ကလည်းယဉ်ကျေးတဲ့စကားတွေပဲထွက်လာတယ်။

"ဘယ်အချိန်ထဲကများ ဒီလိုအာကာသစခန်းသေးသေးလေးက စကြဝဠာဥပဒေတရားရုံးရဲ့ အာဏာတွေကို ယူပြီးသုံးစွဲခွင့်ရသွားတာလဲ မသိဘူး။ ခင်ဗျားက ဒီလိုအပြစ်ကင်းကြောင်း အခိုင်အမာဆိုရုံနဲ့ တရားသေလွှတ်ပေးလိုက်မယ်ထင်နေတာလား" လုရန်ကိုမျက်လုံးမှေးကြည့်ရင်းပြောလိုက်တယ်

"ယန်...ယန်ရွှမ်...ဝန်ကြီး..." လုရန်ရဲ့မျက်လုံးတွေက အလွန်အမင်းကြောက်လန့်နေတဲ့ပုံနဲ့ပြူးကျယ်နေတယ်။ သူ့ရှေ့ကလူကိုကြည့်ရင်း တစ်ကိုယ်လုံးရေခဲရိုက်ထားသလို အတောင့်လိုက်ကြီးဖြစ်နေတယ်

ယန်ရွှယ်က ရှေ့ကိုနှစ်လှမ်းတိုးလာရင်းနဲ့ အားရပါးရပြုံးပြလိုက်တယ် "အိုး...ခင်ဗျား ကျုပ်ကိုမှတ်မိသားပဲ"

"....."

'ဒါပေါ့ စကြဝဠာတစ်ခုလုံး ဒီမကောင်းဆိုးဝါးကောင်ကြီးကို မသိတဲ့သူဘယ်ရှိမလဲ။ သွေးစုပ်ဖုတ်ကောင်တွေနေတဲ့ အနီရောင်ဂြိုဟ်ရဲ့ နိုင်ငံခြားရေးရာဝန်ကြီးဌာနက ဝန်ကြီး၊ ဒဏ္ဍာရီလာ သွေးစုပ်ဖုတ်ကောင် တစ်ယောက်ကလွဲရင် သွေးစုတ်ဖုတ်ကောင်တွေထဲမှာ ဒီကျေးဇူးရှင်က နာမည်အကြီးဆုံးပဲ'

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Tempat cerita menjadi hidup. Temukan sekarang