အပိုင်း - ၄၉ (တက္ကသီလာဝင်ပေါက်ကိုဖြတ်သန်း၍)

2.7K 363 21
                                    

Unicode

"သ....သ....သ.....သခင်မလေး....." ယောင်စစ်ရှေ့ကလူငယ်လေးက တစ်ကိုယ်လုံးအကြောလိုက်နေသလို တောင့်တင်းလို့နေတယ်။ စကားတစ်ခွန်းကိုဖြောင့်အောင်ပြောနိုင်ဖို့နေနေသာသာ အသက်တောင်မနည်းမှန်အောင်ရှူနေရတဲ့ပုံပါပဲ။

ယောင်စစ်သက်ပြင်းတစ်ချက်ချမိလိုက်တယ် "ငါ့ကို ယောင်စစ်လို့ပဲခေါ်ပါဆိုနေ!!!"

"မှန်လှ...ဟုတ်ကဲ့ပါ..." လူငယ်လေးက ခုနကထက်၂ဆလောက်ပိုတောင့်သွားတယ်။ သူ့ကြည့်ရတာအသက်နဲ့ရင်းပြီးထမ်းဆောင်ရမယ့် အမိန့်တစ်ခုလက်ခံရရှိလိုက်တဲ့အတိုင်း။

"ဟိုတစ်နေ့က ယောင်ချမ့်ပြောတဲ့တစ်ယောက်က နင်လား"

"ဟုတ်ပါတယ်" လူငယ်လေးက စိတ်ငြိမ်သွားအောင် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီးမှဆက်ဖြေလိုက်တယ် "ကျွန်...ကျွန်တော်က...မျိုးဆက်၇၂၀မြောက်က...သွေးစုပ်ဖုတ်ကောင်...တစ်ယောက်ပါ။ နာမည်က..ကု..ကု...ကုရှူချန်းလို့ခေါ်ပါတယ်။ အကြီးအကဲယောင်က သခင်မလေးကို တ..တက္ကသီလာဆီကိုဘေးကင်းကင်းနဲ့ရောက်တာ သေချာအောင် လိုက်ပါစောင့်ရှောက်ခိုင်းထားပါတယ်"

"အင်း..." ယောင်စစ် လက်ဆွဲနှုတ်ဆက်ဖို့ လက်တစ်ဖက်ကိုဆန့်ထုတ်ပေးလိုက်တယ် "တွေ့ရတာဝမ်းသာပါတယ်"

လူငယ်လေးက ချက်ချင်းငြိမ်ကျသွားပြီး ကောင်းကင်ဘုံကချီးမြှင့်လိုက်တဲ့ ဆုမွန်ကိုလက်ခံရရှိလိုက်တဲ့အတိုင်း မျက်လုံးတွေပြူးကျယ်တောက်ပလာတယ်။ ယောင်စစ်လက်ကို အသာအယာကိုင်ရင်း ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီး ယောင်စစ်ရဲ့လက်သည်းထိပ်ကလေးကို သူ့နဖူးနဲ့အသာကုန်းထိလိုက်တယ်။ ပြီးတော့မှ ရိုသေလေးစားမှုတွေပြည့်နှက်နေတဲ့အသံနဲ့ "ကျွန်တော်မျိုးအတွက်တော့ ကြီးမြတ်လှတဲ့ချီးမြှောက်ခံရမှုပါပဲ။ အရှင်သခင်မလေး"

ယောင်စစ် သူ့လက်ကိုပြန်ရုတ်လိုက်တယ်။ သူ့ကိုတွေ့တာနဲ့ ဘုရားတစ်ဆူလိုကိုးကွယ်နေကြတဲ့ သွေးစုပ်ဖုတ်ကောင်တွေကိုမြင်ရတာ နည်းနည်းနေသားကျလာပြီလေ။

"သွားကြတာပေါ့"

"ဟုတ်ကဲ့ပါ" ကုရှူချန်းတစ်ယောက် ပြန်ထလိုက်ရင်း ယောင်စစ်ကို ကျောင်းဂိတ်ပေါက်ဆီလမ်းပြလိုက်တယ်။

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Where stories live. Discover now