အအခန်း(၅၂)ကံကောင်းစေတဲ့အဆောင်ယတြာလေး

1.3K 276 25
                                    

Unicode

အားးးးးးးး!!!!!!!

ခန်းမတစ်နေရာကပေါ်ထွက်လာတဲ့ အမည်မသိကျေးဇူးရှင်တစ်ယောက်ရဲ့အော်သံအဆုံးမှာ ခန်းမကြမ်းပြင်ကြီးက ပွက်ပွက်ဆူနေတဲ့ချော်ရည်ပြင်ကြီးဖြစ်သွားတယ်နဲ့တူပါရဲ့။ ခန်းမတစ်ခုလုံးမှာရှိတဲ့ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ပုပုရှည်ရှည် ပိန်ပိန်ဝဝ ဖြူဖြူမည်းမည်း ကျားမမရွေး မျိုးနွယ်မရွေး အားလုံးသောပုဂ္ဂိုလ်အပေါင်းတို့ရဲ့ အာခေါင်ခြစ်အော်သံ ရင်ခေါင်းကြီးနဲ့အော်သံ ငိုသံကြီးနဲ့အော်သံ စသောစသော အော်သံအမျိုးအစားပေါင်းသောင်းခြောက်ထောင်ဟာ အဆုံးမရှိအမျှင်မပြတ်နိုင်အောင် ထွက်ပေါ်လာလို့ပါပဲ။ မခံစားနိုင်တော့တဲ့အဆုံး ယောင်စစ်နားကိုအုပ်ထားလိုက်ရင်း မကြာခင်အမိုးကြီးပါပွင့်ထွက်သွားတော့မှာပဲလို့ တွေးလိုက်မိတယ်။

"နတ်ဘုရားမူ...အဲ့တာနတ်ဘုရားမူမဟုတ်လား!!!!"

"နတ်ဘုရားမူက စကြဝဠာကျောင်းတော်ကြီးရဲ့ကျောင်းအုပ်ဆိုတာ ခဏခဏကြားနေရပေမယ့် လူတွေအလကားအာချောင်နေတာလို့ထင်ထားခဲ့တာလေဟာ!!!!"

"ဒီမှာကျောင်းတက်နေခဲ့တဲ့ခုနစ်နှစ်လုံးလုံး သူ့ကိုမြင်ဖူးတာ ဒါပထမဆုံးပဲ"

"အဟားဟားဟား...ဒါတကယ်မဖြစ်နိုင်ဘူး။ ငါအိပ်မက်မက်နေတာပဲဖြစ်ရမယ်!"

"တစ်ယောက်ယောက်...! ငါ့ကိုတစ်ချက်လောက်ဆွဲဆိတ်ပေးစမ်းပါ။ ငါ နတ်ဘုရားမူကိုတွေ့ဖူးချင်လွန်းလို့ ရူးသွားပြီး ကယောင်ကတမ်းတွေလျှောက်မြင်နေတာပဲဖြစ်ရမယ်"

ယောင်စစ် ပြောစရာစကားပျောက်ရှသွားတယ်။ မူရွှမ် သူ့စိတ်စွမ်းအင်သုံးပြီး လူတွေစိတ်ကိုထိန်းချုပ်မထားရင် အမြဲဒီလိုပဲဖြစ်ပျက်နေကြတာပဲလား။ နောက်ဆုံးတော့မြင်ဖူးခဲ့ပြီ :')

"အရှင်မင်းကြီး!"ယောင်စစ်နားမှာရပ်နေတဲ့သွေးစုပ်ဖုတ်ကောင်တွေအားလုံး မူရွှမ်ကိုအရိုအသေပေးလိုက်ကြတယ်။

"Mmh.." မူရွှမ်က အရိုအသေပေးနေကြတဲ့သူတွေကို ခေါင်းတစ်ချက်ညိတ်ပြလိုက်တယ်။

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Where stories live. Discover now