အပိုင်း-၆ (အမျိုးသမီးသွေးစုပ်ဖုတ်ကောင်)

2.2K 361 15
                                    

Unicode

'ကမ္ဘာကြီးက....မရှိတော့ဘူး...မရှိတော့ဘူးတဲ့'

'ဟင့်အင်း...မဖြစ်နိုင်ဘူး။ အခုလေးတင် တစ်စစီကွဲသွားတဲ့ဂြိုဟ်ကြီးက အနက်ရောင်ကြီးလေ။ ကမ္ဘာကြီးကအပြာရောင်ကြီးဟာကို။ ခုနကအလုံးကြီးပေါ်မှာ အပြာရောင်နည်းနည်းလေးမှမရှိဘူး'

'ဒါပေမယ့် အခုရောက်နေတဲ့အာကာသစခန်းက ဂြိုဟ်ကြီးရဲ့အနောက်ဘက်မှာလေ။ အဲ့တော့အလင်းရောင်မကျနေတော့ မည်းနေတာသဘာဝကျပါတယ်။ ပြီးတော့သူသာတကယ်အနာဂတ်ကို ရောက်နေတာဆိုရင် ကမ္ဘာပေါ်ကသယံဇာတတွေက သုံးလို့ကုန်သွားလောက်ပြီပဲ။ အဲ့တော့ ကမ္ဘာကြီးအရောင်ပြောင်းသွားတယ်ဆိုတာက...'

ဒါပေမယ့် ဒီကြောက်စရာအမှန်တရားကြီးကိုလုံးဝလက်မခံနိုင်သေးဘူး။ သူ့မှာ ကြည့်လက်စTVအစီအစဉ်တွေအများကြီးရှိသေးတယ်လေ။ ကြည့်မလို့လုပ်ထားတဲ့ animeတွေလည်းတစ်ပုံကြီးပဲ။ သူ့ဖုန်းထဲမှာလည်း ထိတောင်မထိရသေးတဲ့ ဝတ္ထုတွေအပြည့်ပဲ။ ပိုဆိုးတာက သူအိမ်ကထွက်လာတုန်းက အလောတကြီးနဲ့မို့ သူ့ကြောင်လေးကို အစာတောင်မကျွေးခဲ့ရဘူး

'နင်တို့အကြင်နာတရားခေါင်းပါးလိုက်ကြတာ။ ကြောင်လေးရဲ့ခံစားချက်တွေထည့်မတွက်ကြတော့ဘူးလား'

စိတ်အနာဆုံးကတော့ သူအသက်၃၀နားကပ်တဲ့အထိ သူနေတဲ့မြို့တော်Fကနေ ဘယ်မှမသွားဖူးလိုက်တာပဲ။ သူမမြင်ဖူးလိုက်တဲ့နေရာတွေအများကြီးရှိသေးတဲ့ဟာ။ အခုတော့ မြင်ချင်လည်းကမ္ဘာကြီးကမရှိတော့ဘူး

"မိန်းကလေးယောင်...မိန်းကလေးယောင်?" သူမပုခုံးတွေတစ်ယောက်ယောက်ကတွန်းလိုက်တာကိုခံစားလိုက်ရတယ်

"ဟင်...?" ယောင်စစ်ရုတ်တရက်လန့်သွားပြီး အတွေးတွေကိုရုတ်သိမ်းလိုက်တယ်။ သူ့ခေါင်းထဲမှာပူထူပြီးရှုပ်ထွေးနေတုန်းပဲ။ အတော်လေးကြာတော့မှသူ့ဘေးမှလူကိုကြည့်မိလိုက်တယ် "ဒေါက်တာဝမ်?"

"အရာရှိလုနဲ့ လက်ထောက်အရာရှိတို့ရောက်နေပါတယ်" ဒေါက်တာဝမ်က အပေါက်ဝကိုညွှန်ပြတယ် "နင့်ကိုမေးချင်တာတွေရှိလို့တဲ့"

'အရာရှိနဲ့လက်ထောက်အရာရှိ ဟုတ်လား။ ဆိုလိုတာက သူတို့နှစ်ယောက်က ဒီနေရာမှာ ရာထူးအကြီးဆုံးပေါ့'

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Donde viven las historias. Descúbrelo ahora