အပိုင်း-၁၀ (နိုးထလာသော အားနည်းသူလေး)

2.1K 321 3
                                    

Unicode

"ဦးလေးယန်" ယောင်စစ်သိချင်လာတယ် "ဦးလေးပြောတော့ အပြာရောင်ဂြိုဟ်ပေါ်က လူသားတွေအကုန် မျိုးသုဉ်းသွားပြီဆို။ ရှင်သန်ကျန်ရစ်သမျှကလည်း သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲခံလိုက်ရတယ်ဆိုရင် အခု သွေးစုပ်ဖုတ်ကောင်အသစ်တွေ ဘယ်လိုမွေးလဲ" 'ဟုတ်တယ်လေ လူသားတွေအကုန်သွေးစုပ်ဖုတ်ကောင်ဖြစ်ကုန်တယ်ဆို အသစ်တွေထပ်မွေးလို့ ရစရာအကြောင်းမရှိတော့ဘူး။'

"ကောင်းလိုက်တဲ့မေးခွန်း" ယန်ရွှမ်းက ပြုံးပြုံးကြီးနဲ့ယောင်စစ်ကို ချီးကျူးလိုက်တယ် "ဒီပြဿနာကို ချက်ချင်းသတိထားမိတယ်ဆိုတော့ ဦးဦးရဲ့ကလေးလေးက တကယ်တော်တာပဲ"

"......."

ယန်ရွှမ်သူ့ရှေ့က screenအကြည်ကနေ စာအုပ်နောက်တစ်အုပ်ကို ဖွင့်ပြီး ယောင်စစ်ကိုဆက်ရှင်းပြတယ်

"အမှန်ပဲ။ ဦးဦးတို့သွေးစုပ်ဖုတ်ကောင်တွေက သာမန်နည်းနဲ့မျိုးမပွားနိုင်ဘူး။ သွေးစုပ်ဖုတ်ကောင်တစ်ယောက်က ဆက်ခံသူတစ်ယောက်ကိုပဲ သွေးစုပ်ဖုတ်ကောင်အဖြစ် လက်ဆင့်ကမ်းပေးလို့ရတယ်" ယန်ရွှမ်က မျက်နှာထားတည်တည်နဲ့ပြောပြတယ်။ "ဒါကြောင့်မို့ သွေးစုတ်ဖုတ်ကောင်တွေက သူတို့ရဲ့ပထမဆုံးကိုက်တာကို သတိထားပြီးသေချာလုပ်လေ့ရှိတယ်။ အပြာရောင်ဂြိုဟ်ပေါ်မှာဖြစ်ခဲ့တဲ့ ဂြိုဟ်ဆိုးဝင်တဲ့နေ့တွေကလို ကိစ္စကလွဲရင် ဘယ်တော့မှမလိုအပ်ပဲ အတင်းအကျပ်မကိုက်ကြဘူး။ အရင်တုန်းက ကမ္ဘာပေါ်မှာလူတွေကလိုသလောက်ရနိုင်နေတာဆိုတော့ မျိုးဆက်လက်ဆင့်ကမ်းဖို့အတွက် စိတ်ပူစရာမလိုခဲ့ဘူး။ မျိုးဆက်တစ်ဆက်စီမှာ လူဦးရေ၃၀၀၀လောက်ပဲ ပုံသေသတ်မှတ်ပြီး လက်ဆင့်ကမ်းပေးခဲ့တယ်"

"အခုတော့ လူသားတွေ မကျန်တော့ပေမယ့်...." ယန်ရွှမ်သက်ပြင်းချလိုက်တယ် "အခုခေတ်ကြီးမှာ မျိုးရိုးဗီဇနည်းပညာတွေ မြင့်လာပြီလေ။ ငါတို့တွေက အပြာရောင်ဂြိုဟ်ပေါ်က လူသားမျိုးနွယ်တွေရဲ့ မျိုးရိုးဗီဇနမူနာရှိနေသရွေ့ စိတ်ကြိုက်ပုံတူပွားလို့ရတယ်လေ"

"ကိုယ်ပွားတွေလား" ယောင်စစ်ရဲ့မျက်လုံးတွေ ပြူးသွားတယ်

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Where stories live. Discover now