အပိုင်း(၅၈) သုတေသနစမ်းသပ်ခန်း

542 95 0
                                    

မြေအောက်၅လွှာမှာ အစောင့်တစ်ယောက်မှမရှိလိမ့်မယ်လို့ ယောင်စစ်ထင်မထားခဲ့။ အစောင့်မရှိလို့ဝင်ရတာပိုလွယ်ရမှာဖြစ်ပေမယ့် စာတန်းထိုးစရာလူမရှိတော့ ဘာဆက်လုပ်ရမှန်းမသိပဲ ခွေးဖြစ်နေတယ်။

"ဟဲ့...နင် ခုနကတံခါးလိုရိုက်ချိုးကြည့်ပါ့လား" ယောင်စစ်အကြံပေးလိုက်တယ်။ ပိုင်ယိရဲ့တံခါးရိုက်ချိုးစွမ်းရည်ကိုမျက်မြင်ကြုံရပြီးပြီလေ။

​"နေပါဦး...ခင်ဗျားက တံခါးတိုင်းကိုများ..." ပိုင်ယိကပြောရင်းတန်းလန်းနဲ့ ယောင်စစ်ကိုအကွယ်တစ်ခုထဲဆွဲခေါ်လိုက်တယ် "တစ်ယောက်ယောက်လာနေတယ်"

တစ်ခဏနေတော့ ခုနကသူတို့ဖွင့်မလို့လုပ်နေတဲ့တံခါးကပွင့်သွားတော့မှပဲ အဲ့တံခါးကပိုင်ယိရိုက်မဖွင့်နိုင်မှာသေချာမှန်းသိလိုက်ရတယ်။ တံခါးက အလယ်ကနေဘေးလေးဖက်လေးတန်ကိုပွင့်သွားပြီး အထဲမှာလေဆာတန်းတွေက ပင့်ကူမျှင်တွေလိုရှုပ်ယှက်ခတ်နေတယ်။ အဲ့လေဆာတန်းတွေရဲ့နောက်မှလည်း ခုနကတံခါးထက် ပိုထူတဲ့တံခါးတစ်ချပ်ကရှိနေလိုက်သေးတယ်။

ယောင်စစ် အခုမှပဲဒီငါးလွှာမှာ ဘာလို့အစောင့်မထားတယ်ဆိုတာသိသွားတယ်။ ဒီလိုလုံခြုံရေးစနစ်နဲ့ဆိုမှတော့ ယင်ကောင်တောင်ခိုးဝင်နိုင်မယ်မထင်ဘူး။ ဒီအထပ်မှာဘာတွေများရှိလို့ ဒီလောက်တောင်လုံခြုံရေးတင်းကျပ်ထားရတာလဲဆိုတာလည်း သိချင်သွားတယ်။

သူတို့၂ယောက် အဲ့နေရာမှာမလှုပ်မယှက်နဲ့ ၂မိနစ်လောက်စောင့်နေပြီးတော့မှပဲ အထဲကနေအဖြူရောင်ကုတ်အင်္ကျီရှည်ဝတ်ထားတဲ့မိန်းမတစ်ယောက်က တစ်စုံတစ်ခုကိုကိုင်ပြီးထွက်လာတာကိုတွေ့လိုက်ရတယ်။

ယောင်စစ် အဲ့မိန်းမရဲ့ခေါင်းပေါ်ကိုမော့ကြည့်လိုက်တော့ ထင်ထားတဲ့အတိုင်းပါပဲ စာတန်းလေးတွေပေါ်နေတာပေါ့။

[သုသေသနပညာရှင်ဒေါ်Aမှာ နောက်ဆုံးရစမ်းသပ်မှုရလဒ်များကို ခေါင်းဆောင်ချီထံသို့သွားတင်ပြပါက ခေါင်းဆောင်ချီသူ့အားအပြစ်တင်မည့်စကားများကို ခံယူရန်စိတ်အသင့်ပြင်ထားပြီးဖြစ်သည်။ ယခုကဲ့သို့ အကျိုးရလဒ်မည်မည်ရရထွက်ပေါ်လာခြင်းမရှိသေးသော စမ်းသပ်ချက်တွင် သူမပါဝင်လိုတော့ပေ။ သူတံခါးကထွက်လာသောအခါ စခန်းအတွင်းသို့ကျူးကျော်သူများထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်းကို သူသတိမထားမိ။ ထို့အပြင် မကြာမီအချိန်အတွင်း ရလဒ်များကိုသူဌေးချီထံသို့ယူသွားခွင့်ပင်မရလိုက်ပဲ ကျူးကျော်သူများလက်ချက်ဖြင့် ခွေခွေလေးဖြစ်ကာ သူ့DNAကိုအသုံးချ၍တံခါးဖွင့်သွားကြမည်ကိုလည်း သူကြိုမသိခဲ့ချေ]

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Kde žijí příběhy. Začni objevovat