အပိုင်း-၂၈ (သက်တမ်းအရင့်ဆုံးစောင်FA)

2K 301 16
                                    

Unicode

မူရွှမ်က တကယ့်ကိုပဲသူ့ရဲ့သွေးမျိုးဆက်ကဆွဲငင်မှုကြောင့် အနားယူနေရာကနေနိုးလာတာ။ သူနိုးနိုးချင်းတုန်းကဆိုရင် သူ့ရဲ့သွေးမျိုးရိုးကို အခြားလူတစ်ယောက်ဆီမှာအာရုံခံမိတယ်ဆိုတာ ယုံကိုမယုံနိုင်ခဲ့ဘူး။ အဲ့ဒီခံစားချက်ကြီးက အရမ်းထူးဆန်းတာပဲ။ ဘာနဲ့တူလဲဆိုတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးက ဒီမှာရှိနေပေမယ့် ကိုယ်ရဲ့နှလုံးသားကအခြားတစ်ယောက်ခန္ဓာကိုယ်ထဲမှာသွားခုန်နေသလိုပဲ။ အဲ့ဒီနှလုံးခုန်သံက သူကိုယ်တိုင်တစ်ခါမှမကြုံဖူးတဲ့ ပြင်းပြင်းထန်ထန်ကြမ်းကြမ်းတမ်းတမ်းခုန်နေတာမျိုး။ ရုတ်တရက် သူ့အသိတစ်ယောက်ပြောဖူးတာပြေးသတိရသွားတယ်။ သူတို့ရဲ့ဆက်ခံသူတွေကိုမြင်တွေ့နေရတာက သူတို့ရဲ့မဆုံးနိုင်တဲ့ဘဝကြီးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ အကြောင်းပြချက်တစ်ခုလိုပါပဲတဲ့

အခုတော့ သူ့ရင်ထဲမှာပုံမှန်မဟုတ်လောက်အောင်ခုန်နေတဲ့ နှလုံးခုန်သံကိုခံစားမိတော့မှပဲ ဆက်ခံသူတစ်ယောက်ရှိရတဲ့ခံစားချက်က ဒီလိုပါလားလို့တွေးမိတော့တယ်

သူ အဲ့ဒီကောင်မလေးကိုပထမဆုံးစတွေ့လိုက်ရတော့မှပဲ သူ့ရဲ့မျိုးနွယ်ထဲက သူတို့ရဲ့ဆက်ခံသူကိုဆုံးရှုံးလိုက်ရတဲ့သူတွေအကုန် သူတို့ရဲ့ရန်သူတွေကို အသက်ပင်သေသေဆိုတဲ့သဘောနဲ့ ရေကုန်ရေခမ်းဘာလို့လိုက်သတ်ကြသလဲဆိုတာ နားလည်သွားတော့တယ်။ သူဆိုရင်လည်း သူ့ရဲ့ ဒီဆက်ခံသူလေးသာ နည်းနည်းလေးပွန်းပဲ့သွားမယ်ဆိုရင်တောင် စကြဝဠာကြီးတစ်ခုလုံးကို အစအနရှာမရအောင်ဖျောက်ပစ်လိုက်ဖို့ ဝန်လေးနေမယ်မထင်ဘူး

သူရဲ့ဆက်ခံသူလေးကို မျက်စိရှေ့မှာမြင်တွေ့နေရရက်နဲ့ ဒီအတိုင်းရက်ကြည့်နေရတာကို မခံစားနိုင်တော့ဘူး။ အဲ့တာနဲ့ပဲ အတတ်နိုင်ဆုံးငြင်ငြင်သာသာလေး နှိုးလိုက်မိတယ်။

အဲ့အချိန်မှာပဲ သူ့ရဲ့ဆက်ခံသူလေးက....အခြားသူတွေပြောဖူးတာနဲ့ နည်းနည်းလေးကွာနေသလိုပဲ....

သူမရဲ့အစွမ်းတွေက စောင်ကျိုးနည်းမယုံနိုင်စရာကောင်းလောက်အောင်အားနည်းတာပဲ။ ရှိတယ်လို့တောင်မဆိုနိုင်ဘူး။ ဘာပဲဖြစ်ဖြစ်ကွာ။ အခုကစကြာဝဠာခေတ်တောင်ရောက်နေပြီမလား။ သူမလိုပဉ္စမမျိုးဆက်တစ်ယောက်က အရင်ကမ္ဘာပေါ်မှာ ဘယ်လောက်ပဲစောက်သုံးမကျခဲ့မကျခဲ့ အခုဆိုစောက်ဆရာကြီးဖြစ်နေရမှာလေ။ အခုတော့ သူ့ရဲ့ဆက်ခံသူဖြစ်ကြောင်းသက်သေပြချင်လို့ သူမခန္ဓာကိုယ်ထဲကသွေးကို လှုပ်နှိုးပေးတာလေးကိုတောင် မခံနိုင်ဘူးတဲ့လား။ သွေးစုပ်ဖုတ်ကောင်တွေရဲ့အစွမ်းဆိုတာ သွေးမျိုးဆက်တွေဆီကနေလာတာလေ။ အဲ့တော့ဆိုလိုတာက ငါ့အစွမ်းတွေက တကယ်ကိုဒီလောက်စောက်သုံးမကျဖြစ်ခဲ့တာလားဟ

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Donde viven las historias. Descúbrelo ahora