Unicode
"ရပြီ...ကျွန်တော်ကိုဒါလေးလုပ်ဖို့အချိန်ခဏတော့ ပေးပါနော်...မိန်းကလေးယောင်" အဘိုးကြီးကပြောပြောဆိုဆိုနဲ့ပဲ ဆိုင်ပိုင်ရှင်သူ့ကိုပေးလိုက်တဲ့သေတ္တာလေးကိုဖွင့်လိုက်တဲ့အခါ သေတ္တာထဲကနေ အစိမ်းကပန်းပွင့်သေးသေးလေးတစ်ပွင့် လွင့်မျောထွက်လာတယ်။
အဘိုးကြီးလျူတစ်ယောက် ဘာညာသာရကာတွေ ပွစိပွစိရွတ်ပြီးအတန်ကြာမှာ သူ့လက်ဖဝါးပေါ်က သွေးစက်ကလေးက အဲ့ဒီပန်းပွင့်လေးဆီကို လွင့်မျောသွားပြီး ပန်းပွင့်အနီရောင်လေးပြောင်းသွားတယ်။ နောက်ခဏအကြာမှာပဲ သူ့ခြေထောက်အောက်မှာ animeတွေထဲက မင်းသားတွေချရင်ထွက်လာတဲ့ အဝိုင်းတွေလို အဖြူရောင်စက်ဝိုင်းကြီးတစ်ခုပေါ်လာပြီး သူမရဲ့ကွန်ပျူတာလက်ပတ်နဲ့ ခုနကပန်းပွင့်လေးဟာ ပေါင်းစပ်သွားတော့တယ်။
မြင်ရတွေ့ရတာတွေကတော့.....မျက်လှည့်ပြနေသလိုလို မှော်ပညာပြပွဲလိုလို့နဲ့ပဲ -,-
သောက်ကျိုးနည်း မျှော်လင့်ထားခဲ့တဲ့ခေတ်လွန်နည်းပညာကြီးတွေကရော...?ဒါကြီးကဘာလဲ သူရောက်နေတာအနာဂတ်မဟုတ်ပဲ စိတ်ကူးယဉ်မှော်ပညာတွေအကြောင်းရိုက်နေတဲ့ ရိုက်ကွင်းထဲမှားရောက်လာပြန်တာလား
-_-|||
"နတ်ဘုရားမျိုးနွယ်တွေ သိုလှောင်ပစ္စည်းတပ်ရင် နည်းနည်းတွေကြာတတ်ပေမယ့် လက်ရာမှာသူတို့မျိုးနွယ်ကိုဘယ်သူမှမမှီဘူးလေ" မန်နေဂျာက ယောင်စစ်ရဲ့စိတ်ပျက်နေတဲ့မျက်နှာကိုမြင်တဲ့အခါမှာ စောင့်နေရတာကြာလို့စိတ်တိုနေတယ်ထင်ပြီး ပြာပြာသလဲရှင်းပြရှာတယ် "ဒါပေမယ့်မပူပါနဲ့....အဘိုးကြီးလျူက အင်မတန်ကျွမ်းကျင်ပြီး မတွေ့အကြုံရင့်တာမို့ ကွာလတီကတော့ လှည့်ကြည့်စရာတောင်လိုမှာ မဟုတ်ပါဘူး"
"အော်...." ဆိုဒေါ့ကာ အဘိုးကြီးလျူကနတ်ဘုရားမျိုးနွယ်ကပေါ့လေ...အဲ့တော့အခုလိုမှော်ဆန်ဆန်တွေလုပ်ပြနေတာက မဆန်းပါဘူးလေ။ အခြားမျိုးနွယ်ကဆို ဒီလိုတွေလုပ်ဖို့ဆိုတာ လွယ်တာမှတ်လို့
အဲ့တော့မှပဲ ယောင်စစ်သူမကို အာကာသစခန်းကနေ အနီရောင်ဂြိုဟ်ကို ဓားပျံကြီးစီးပြီး ပို့ပေးခဲ့တဲ့ တစ်စုံတစ်ယောက်ကို သတိရသွားတယ်။ နတ်ဘုရားမျိုးနွယ်တွေဆိုတာ ခေတ်လွန်နည်းပညာတွေကို ရှေးမူမပျက်သုံးလို့ရအောင် ရောနှောထားတဲ့ မျိုးနွယ်များလားလို့တောင် တွေးမိသွားတယ်။
VOCÊ ESTÁ LENDO
ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )
Humorကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 ကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 please don't reupload my works :') Myanmar translated by Jue🌸