အပိုင်း-၃၆ (VIP customerကြီး)

1.6K 256 1
                                    

Unicode

အဲ့တော့မှပဲ မူရွှမ်သတိရသွားတော့တယ်။ မဟာမိတ်ဘဏ်အကောင့်တွေက နှစ်တစ်ရာလောက်မသုံးပဲပစ်ထားရင် ကဒ်မပိတ်ပဲဘယ်နေလိမ့်မလဲ။ သူ့ရဲ့နှစ်ရာချီတဲ့အနားယူမှုကြီးကနေနိုးလာတာ တစ်နှစ်လောက်ရှိပြီဆိုပေမယ့် နိုးနိုးချင်းထဲက သူ့ဘေဘီလေးကိုသင်ကြားပေးနေရတာနဲ့တင် နည်းနည်းမှမအားတော့ ဒီကိစ္စတွေခေါင်းထဲမထားမိဘူးလေ။ သူငွေပေးချေတာလည်းမအောင်မြင်ရော မူရွှမ်တစ်ယောက်သူ့ရဲ့ကွန်ပျူတာလက်ပတ်ကို စက်ရှေ့ကနေမဖယ်မိဘဲ ကြောင်ပြီးရပ်နေမိတယ်

အဲ့ဒီတော့ စက်ကလည်းတာဝန်ကျေစွာနဲ့ပဲ ငွေပေးချေမှုမအောင်မြင်ကြောင်းကို ဆက်တိုက်အော်ပါတော့တယ်

[သင့်အကောင့်အပိတ်ခံထားရပါသည်]

[သင့်အကောင့်အပိတ်ခံထားရပါသည်]

[သင့်အကောင့်အပိတ်ခံထားရပါသည်]

အဲ့ဒီအသံတွေပြီးတော့ ရှက်စရာကောင်းတဲ့တိတ်ဆိတ်မှုကြီးက ကြီးစိုးသွားပြန်တယ်

._.

ယောင်စစ် မူရွှမ်ရဲ့လက်မောင်းကိုအသာဆွဲလိုက်ရင်း ဖျစ်ညစ်ပြီးပြုံးပြလိုက်တယ်

"အာ...ကျွန်မလုပ်လိုက်မယ်"

ယောင်စစ်လည်း ခုနကမူရွှမ်လုပ်တဲ့အတိုင်းပဲ စက်ရှေ့သွားပြီး သူမရဲ့ကွန်ပျူတာလက်ပတ်ကိုဖွင့်လိုက်တယ်။ ဘုရားသိကြားမလို့ မိုးကြိုးသစ်တောအရှင်ကြီးအလျော်ပေးသွားတာနဲ့လောက်ပါစေလို့ ဆုတောင်းရင်းပေါ့လေ။ မဟုတ်ရင် ဒီ့ထက်ပိုပြီးစောက်ရှက်ကွဲလိမ့်မယ်

တုန်ခါနေတဲ့အသံတိုးတိုးတစ်ခုထွက်လာပြီးတဲ့နောက် အကွက်လေးတစ်ခုထပ်ကျလာတယ်

[VIP အကောင့်ပိုင်ရှင်]

အမ်...!ဒါက ဘာကိုဆိုလိုချင်တာလဲ?

ယောင်စစ် ဘာမှတောင်မတွေးနိုင်လိုက်သေးခင်မှာပဲ သူ့ဘေးကအရောင်းဝန်ထမ်းမလေးရဲ့မျက်နှာက ချက်ချင်းပြောင်းသွားတယ်။ ခုနကပါးစပ်နားရွက်တက်ချိန်တော့မတတ် ပြုံးဖြီးနေတဲ့မျက်နှာကြီးက ရုတ်တရက်သရဲတွေ့လိုက်ရသလို ဖြူရော်သွားတယ်။ ပြီးမှကြောက်လန့်တကြားခါးကျိုးမတတ်ဦးညွတ်လိုက်ရင်းပြောလိုက်တယ်"ကျွန်မတောင်းပန်ပါတယ်ရှင့် အခုချက်ချင်းမန်နေဂျာကိုသွားအကြောင်းကြားလိုက်ပါ့မယ်"

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Wo Geschichten leben. Entdecke jetzt