အပိုင်း-၄၀ (တစ်ခါသုံးအစွမ်း)

1.8K 348 10
                                    

Unicode

သူခိုးသုံးယောက်လုံး နေရာမှာတုန့်ကနဲရပ်သွားပြီး တဆတ်ဆတ်တုန်လာကြတယ်။ လောင်ဆန်ရဲ့လက်ထဲပွေ့ထားတဲ့ ပန်းအိုးကြီးလွတ်ကျသွားပြီး အစိတ်စိတ်အမွှားမွှားကွဲသွားတယ်။ အကွဲစတစ်ခုက သူ့ရဲ့ခြေထောက်ကိုလာမှန်ပြီး ရှသွားတော့မှပဲ လောင်ဆန်တစ်ယောက် အသိစိတ်ပြန်ဝင်လာတော့တယ်။

"သွေး...သွေး...သွေး....သွေးစုပ်ဖုတ်ကောင်!!!" လောင်ဆန် ဒူးတွေပျော့လာပြီး ပြိုလဲကျတော့မတတ်ဖြစ်သွားတယ်။

"ပြေးတော့!!" အလယ်မှာရပ်နေတဲ့လူက ရုတ်တရက်ထအော်လိုက်ပြီး သာခွေယိုင်ဖြစ်နေတဲ့လောင်ဆန်ကို ဆွဲထူထားရင်း တံခါးမကြီးဆီကို လေ၏အလျင်နဲ့ပြေးသွားလေရဲ့။

ယောင်စစ် ခေါင်းတငြိမ့်ငြိမ့်နဲ့ထောက်ခံလိုက်တယ်။ ဒီလူကသူတို့ရဲ့ဆရာဆိုတာသေချာသွားပြီလေ။ ယောင်စစ်စိတ်မကောင်းမိတာက ပြေးမယ်ဆိုကာမှ အနှီဆရာဆိုတဲ့ပုဂ္ဂိုလ်က တံခါးကြီးနဲ့အုန်းကနဲမြည်အောင်ဝင်ဆောင့်မိတာပါပဲ။

သူတို့ကြည့်ရတာ အရင်ဝင်ခိုးခဲ့သမျှအိမ်တွေမှာ အောင်မြင်ခဲ့တာချည်းပဲဆိုတော့ ကွန်ဖီးဒန့်ပြည့်နေပုံရတယ်။ ဘယ်လောက်တောင်လဲဆို သူတို့ဝင်လာတဲ့တံခါးကို အကျအနပြန်ပိတ်ထားလိုက်တဲ့အထိပဲ။ အခုတော့ ကိုယ့်လက်ချက်နဲ့ကိုယ် ဝင်ဆောင့်မိပြီပေါ့လေ။

အုန်း ဆိုတဲ့အသံကြီးကြားပြီး ယောင်စစ်ပါသူတို့အစားနာလာတယ်။

"နင်တို့ကောင်တွေ...." ယောင်စစ် သူတို့ကို အခုမှထပြေးနေလည်းအဓိပ္ပာယ်မရှိတော့ကြောင်း ယောင်ချမ့်ကဒီကိုလာနေပြီဖြစ်ကြောင်းရှင်းပြမလို့ပါပဲ။ ဒါပေမယ့်အခြားအသံတစ်ခုက ကြားဖြတ်ဝင်လာတယ်။

လောင်ဆန်က အာပြဲကြီးနဲ့ထငိုလိုက်တာပါပဲ။ ငိုရင်းနဲ့ တစ်ကိုယ်တုန်းတဆတ်ဆတ်တုန်နေပြီး အခြားနှစ်ယောက်ကိုသေတော့မလိုဖက်ထားတယ် "လောင်...လောင်...လောင်ဒရေ...လုပ်ပါဦး"

ခုနကပဲ လုံခြုံရေးစနစ်ကိုထိုးဖောက်ဝင်ရောက်နေတဲ့ လောင်အာကတောင် မျက်လုံးကြီးပေါက်ထွက်တော့မတတ်ပြူးနေပြီး ကြောင်နေတယ်။ ယောင်စစ်ကို ပြူးပြူးကြီးစိုက်ကြည့်နေပြီး တံခါးလက်ကိုင်ကိုကိုင်ထားရင်း တုန်ယင်နေရှာတယ်။

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Wo Geschichten leben. Entdecke jetzt