အပိုင်း-၂၃ (အရင်ဆုံး ဒီကသခင်မလေးကိုလှည့်စားပါရစေ)

1.7K 275 2
                                    

Unicode

"အမြန်....ယောင်ချမ့်ကိုအသိပေးလိုက်" ချွီကျဲ့ရဲ့ကော်လာကို ဆုပ်ကိုင်ပြီး ကုန်းရုန်းအော်လိုက်တယ်။ ယောင်စစ်ရဲ့သည်းခံမှုတွေအကုန် တကယ်အငွေ့ပျံသွားခဲ့ပြီ။ သူမ တကယ်ကိုဒီပြဿနာကောင်နဲ့ အတူဆက်မနေနိုင်တော့ဘူး။

"အယ်...အားနာလိုက်တာ။ လောလောဆယ် ကျွန်တော်အဲ့လိုလုပ်ပေးလို့မရဘူး" ချွီကျဲ့က ပန်းပွင့်ရဲ့အကျိအချွဲတွေပေပွနေတဲ့ သူ့ရဲ့လက်ကိုအပြစ်ကင်းတဲ့ပုံစံနဲ့ယမ်းပြလိုက်တယ်။ "ကြည့်ရတာ ဒီပန်းပွင့်ထဲကအရည်တွေက အစာချေဖို့အပြင် ဆက်သွယ်ရေးလှိုင်းတွေအကုန် ဖြတ်တောက်နိုင်တဲ့အစွမ်းသတ္တိပါတယ်နဲ့တူတယ်" 'ပြီးတော့မဟုတ်လည်း ငါ့မှာအဲ့ဘိုးတော်ကြီးရဲ့နံပါတ်ရှိစရာလား'

"အဲ့ဒါဆိုရင် ကျွန်မတို့ဘယ်လို့လုပ်ကြမလဲ" 'သေချာပေါက်ဒီမှာဒီအတိုင်းကြီးထိုင်နေပြီး ပန်းပွင့်ကြီးရဲ့အစာချေတာခံနေလို့မဖြစ်ဘူးလေ'

"စိတ်ကိုအေးအေးထားပါ သခင်မလေးရယ်" ချွီကျဲ့ကြည့်ရတာနည်းနည်းမှတောင်စိတ်ပူနေတဲ့ပုံမပေါ်ဘူး "ဒီ'အစားကျူးပန်း'က သွေးစုပ်ဖုတ်ကောင်တွေကို မချေဖျက်နိုင်ဘူး။ မကြာခင်ဒီဟာကြီးက ကျွန်တော်တို့ကိုအရသာမရှိမှန်းသတိထားမိပြီး ပြန်အန်ထုတ်လိမ့်မယ်။

"......" 'စကားကိုစောစောစီးစီးပြောထားရင် သေသွားမှာစိုးလို့လား'

'အားးးး.....စိတ်ပင်ပန်းလိုက်တာ' ကမ္ဘာပေါ်မှာတုန်းက သွေးစုပ်ဖုတ်ကောင်တွေကြား မျိုးနွယ်တူတိုက်ပွဲထဲမှာ အပြစ်မဲ့ပွဲကြည့်ပရိသတ်လေးလုပ်ခဲ့ရပြီးကတည်းက တစ်ခါမှဒီလောက်စိတ်မပင်ပန်းဖူးသေးဘူး။ တကယ်ပါပဲ...ဆံပင်အဝါရောင်ကောင်တွေနဲ့ ကောင်းကျိုးကိုမပေးဘူး

ဒါပေမယ့် ဒီတခါကတော့ ချွီကျဲ့လိမ်နေတာမဟုတ်ဘူး။ သူတို့နှစ်ယောက် ပန်းပွင့်ကြီးထဲမှာနှစ်နာရီကြာပိတ်မိနေပြီးတဲ့နောက်မှာတော့ 'အစားကျူးပန်း'ကြီးက'ဝေါ့' ဆိုတဲ့အသံကြီးနဲ့အတူ အကျိအချွဲတွေပေပွနေတဲ့လူနှစ်ယောက်ကို အန်ထုတ်လိုက်တယ်။ အမြစ်တစ်ခုကတောင် သူတို့နှစ်ယောက်ကို ရွံရှာနေတဲ့ပုံစံနဲ့ ခပ်ဝေးဝေးတွန်းထုတ်နေလိုက်သေးတယ်

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Where stories live. Discover now