Unicode
ယောင်စစ် ဂိမ်းထဲရောက်နေတာတစ်ပတ်ရှိပြီ။ တစ်ပတ်လုံးလုံးလည်း ယုန်တွေလိုက်ဖမ်းတာနဲ့ပဲ အချိန်ကုန်နေခဲ့တယ်။ အစတုန်းက ရွာအနီးအနားပတ်ဝန်းကျင်မှာပဲဖမ်းခဲ့ပေမယ့် အခုတော့ တစ်တောလုံးနံှ့နေအောင် မြေလှန်ရှာပြီးဖမ်းနေတယ်။ ဘယ်လိုပဲဖမ်းဖမ်း ယုန်တွေရဲ့အရေအတွက်က တဖြည်းဖြည်း နည်းနည်းလာတယ်။ အရင်တုန်းကဆို ရွာနီးစပ်ချုပ်မှာတောင် အများကြီးတွေ့နေရာက အခုဆိုတောနက်အလယ်ကောင်ကြီးထိ တစ်ကောင်တစ်မြီးမှမတွေ့ရသေးဘူး။ တစ်ကောင်နှစ်ကောင်ရှာတွေ့ဖို့အရေး ဖျင်ကုန်းအောင်ရှာနေရတယ်။
'ဒါက ဂိမ်းဒီဇိုင်းဆွဲတဲ့သူ စောက်တုံးမို့လို့ဖြစ်ရတာပဲ။ ဒီလိုလူသစ်တွေအတွက်ရွာလေးနားက လူသစ်တွေအတွက်missionကရှာခိုင်းတဲ့အကောင်တွေက စက္ကန့်ပိုင်းလေးနဲ့တင် ပြန်ပေါ်လာသင့်တယ်မလား။ ငါဒီလောက်ထိတောနက်ကြီးထဲယုန်လိုက်ဖမ်းလို့ကုန်သွားတာတောင် ရွာနားလေးကယုန်တွေက ပြန်ပေါ်မလာကြသေးဘူး'
ယောင်စစ် အကောင်ငါးထောင်မြောက်ယုန်ကို အိတ်ထဲထည့်လိုက်ရင်းနဲ့ ဂိမ်းထဲကပြန်ထွက်လို့ပြီးသွားရင် ဒီကိစ္စကို customer serviceကို ပြန်ပြောပြမှဖြစ်မယ်လို့ တေးထားလိုက်တယ်။ တစ်ကောင်မှထပ်မတွေ့တော့တာနဲ့ ရွာကိုပြန်ဖို့ပြင်နေတုန်းမှာပဲ ကောင်းကင်ပေါ်ကနေ "တင်" ဆိုတဲ့အသံကြီးကြားလိုက်ရပြီး တစ်ဆက်ထဲမှာပဲ အနိမ့်အမြင့်မရှိတဲ့ စက်ရုပ်လိုအသံတစ်ခုက အရပ်ရှစ်မျက်နှာကနေ ပျံ့လွှင့်လာတယ်။
[တင်! နတ်ဘုရားလောကရဲ့တရားဝင်အမိန့်ပြန်တမ်း : လူသားတို့ရဲ့လောကကြီးဟာ ထူးခြားထက်မြက်တဲ့ ခံစားချက်အတွေးအခေါ်တွေနဲ့ပြည့်နှက်နေပေသည်။ လူသားတို့ရဲ့လောကကြီးမှာ စစ်မှန်တဲ့မေတ္တာတရားတွေလည်းရှိပေသည်။ ဒီနေ့မှာပဲ ကျင့်ကြံသူ"*#38"ဟာ သူ့ရဲ့ကြင်နာတတ်တဲ့လက်အစုံကိုဆန့်တန်းပြီး ယုန်တို့ရဲ့လျှို့ဝှက်ရွာမှာ နှစ်ထောင်ပေါင်းများစွာကျရောက်နေတဲ့ ယုန်အဆမတန်တိုးပွားမှုပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ပါပြီ။ ကိုယ်ကျိုးမဖက်တဲ့ ကျင့်ကြံသူရဲ့လုပ်ဆောင်မှုကို ဂုဏ်ပြုသောအားဖြင့် "ကူညီခြင်းနှင့်ကုသခြင်းခွန်အား" ဘွဲ့ကိုချီးမြင့်လိုက်ပါပြီ။ အပိုဆုအနေနဲ့ အပြစ်ဒဏ်ခံရခြင်း -10%ကိုအမြဲရရှိသွားမည်ဖြစ်ပါသည်။ အခုအချိန်ကစပြီး ယုန်တို့ရဲ့လျှို့ဝှက်ရွာမှသည် "@$#ရွာ လို့ ပြောင်းလဲခေါ်ဆိုသွားမည်ဖြစ်ပါသည်]
ESTÁS LEYENDO
ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )
Humorကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 ကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 please don't reupload my works :') Myanmar translated by Jue🌸