အပိုင်း-၁၅ (သေခြင်းတရားနဲ့ ချစ်ကျွမ်းတဝင်)

2K 330 17
                                    

Unicode

ယောင်စစ် သူ့နားထင်ကသွေးကြောတွေ ဖောက်ကနဲပေါက်ထွက်သွားပြိလို့တောင် ထင်မိလိုက်တယ်

ဖလစ်သယ်တေဘယ်   (╯‵□′)╯︵┻━┻

'ဘယ်သူက စာသင်ချိန်မှာဂိမ်းဆော့ခိုင်းမှာလဲ။ ဆရာမတစ်ယောက်လုပ်နေပြီး ဒါလေးတောင်မသိဘူးလား။ တစ်ချိန်လုံးစံပြကျောင်းသားဖြစ်လာတဲ့ ငါလေးကိုစော်ကားလိုက်သလို ခံစားလိုက်ရတယ်'

'ဆရာမလုပ်နေပြီး နိုင်ငံ့အနာဂတ်သားကောင်းရတနာလေးတွေကို စာသင်ချိန်မှာမဟုတ်တရုတ်တွေ လုပ်ခိုင်းနေပါတယ်ဗျို့'

"ကလေးတို့ရေ ဆရာမကိုကြည့်...ဒီလိုမျိုးလေး ကလေးတို့ရဲ့ ကွန်ပျူတာလက်ပတ်ကိုဖွင့်ပြီး စကြဝဠာကွန်ရက်နဲ့ ချိတ်ဆက်လိုက်ကြနော်" ယောင်စစ်တစ်ယောက်ထဲကမ္ဘာပျက်နေချိန်မှာ ဆရာမကတော့စောင်ဂရုတောင်မစိုက်ပဲ ရှေ့မှာလက်တွေ့လုပ်ပြနေတယ် "ကျောင်းရဲ့စကြဝဠာကွန်ယက်ကိုဝင်တဲ့ passwordက 23333333နော်"

"........"

'passwordကြီးက အသက်'

"ဟင်....ဟိုနားသမီးလေး" ယောင်စစ်သူပြောသမျှတစ်ခုမှလိုက်မလုပ်တာလည်းမြင်ရော ဆရာမကလှမ်းကြည့်ပြီး "သမီးလေး ဘာလို့ကွန်ပျူတာမဖွင့်သေးတာလဲ။ မလုပ်တတ်လို့လားကွယ်။ ဆရာမနောက်တစ်ခေါက်ပြပေးရမလား"

ဆရာမပြောတာကြားတော့ တစ်ခန်းလုံးယောင်စစ်ကို အထူးအဆန်းဝိုင်းကြည့်ကြပါလေရော။ ယောင်စစ်လည်းဘာမှမတတ်နိုင်တော့ပဲ သူမလက်ကို လက်မှာပတ်ထားတဲ့ လက်ကောက်ပေါ်ကိုတင်လိုက်တယ်။ နောက်တစ်ခဏမှာပဲ အကြည်ရောင်မျက်နှာပြင်တစ်ခုက သူမရှေ့ပေါ်လာပြီး ဖတ်မရတဲ့စာသားတွေနဲ့ ဘာတွေမှန်းမသိတဲ့ဟာတွေ အတန်းလိုက်ကြီးပေါ်လာတယ်။

ယောင်စစ်လည်း ဆရာမပြောတဲ့အတိုင်း ညာဘက်ထောင့်က ခလုတ်လေးတစ်ခုကိုနှိပ်လိုက်တော့ passwordမေးတဲ့ အကွက်တစ်ခုပေါ်လာတယ်။ စောင်ကျိုးနည်း အရမ်းခက်တဲ့ 2333333ဆိုတဲ့ passwordကြီးကို keyboardမရှိပဲ ဘယ်လိုသွားရိုက်ထည့်ရမလဲတွေးနေတုန်းမှာပဲ သူ့ရှေ့ကအကွက်လေးပေါ်မှာ 23333333 ဆိုတဲ့စာတန်းလေး အလိုအလျောက်ပေါ်လာတယ်

ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )Hikayelerin yaşadığı yer. Şimdi keşfedin