Unicode
ဟွားချီရဲ့ 'သားရဲများအကြောင်း သိကောင်းစရာအဖြာဖြာ'သင်ခန်းစာပို့ချမှုအပြီးမှာတော့ ယောင်စစ် စကြဝဠာသားရဲကြီးတွေအကြောင်း အတော်လေးသိစပြုလာတယ်။
သူသိသလောက်ပြောရမယ်ဆိုရင် ဒီကောင်ကြီးတွေက တစ်နှစ်ကို သုံးလေးကြိမ်လောက် စကြဝဠာနယ်စွန်းမှာပေါ်လာလေ့ရှိတယ်။ အခုထိတော့ ဒီထူးဆန်းတဲ့ဧရာမသတ္တဝါကြီးတွေရဲ့ဇာစ်မြစ်ကိုမသိရသေးပေမယ့် ဈေးကောင်းရပြီး စားလို့လည်းကောင်းတာကြောင့် ဖမ်းချင်နေကြတဲ့သူတွေတစ်ပုံကြီးပဲ။ ပြီးတော့ သူတို့ပေါ်လာတတ်တဲ့နေရာတွေကလည်း ဘယ်မျိုးနွယ်စုတွေနေထိုင်တဲ့နေရာနဲ့မှမနီးတာကြောင့် အခုထိသူတို့ကြောင့်ကြီးကြီးမားမားပျက်စီးဆုံးရှုံးမှုဆိုတာမရှိသေးဘူး။ မုန်းတဲ့သူထက် ချစ်တဲ့သူတွေပိုများတယ်ဆိုပါတော့။
ပြီးတော့ သားရဲကြီးတွေကိုအရွယ်အစားနဲ့ အစွမ်းအရ အဆင့်၁၀ဆင့်သတ်မှတ်ထားတယ်။ အဆင့်၁ကနေ၃အတွင်းက သာမန်အကောင်ငယ်လေးတွေပဲ။ အဆင့်၄နဲ့၅ကကျ ဂြိုဟ်တွေကိုဝါးမျိုနိုင်တဲ့အထိကြီးလာတယ်။ အဆင့်၆ကနေ၈အတွင်းအကောင်တွေဆို အစွမ်းတွေပါသုံးနိုင်ကြတယ်။ အဆင့်၈ထက်ပိုမြင့်တဲ့အကောင်တွေကတော့ သမိုင်းတစ်လျှောက်တစ်ခါမှပေါ်မလာဖူးသေးဘူး။
မဟာမိတ်တပ်ဖွဲ့ကပါ ကြားဝင်ပြီး သုတ်သင်ရှင်းလင်းပေးဖို့လိုတဲ့အကောင်တွေကကျ အဆင့်၄ကစတယ်။ ခုနကပေါက်ဖတ်ကြီးဆိုလည်း အဆင့်၄ပဲရှိတာတဲ့။
စကြဝဠာကြီးရဲ့နယ်နိမိတ်အစွန်းက အင်မတန်ဝေးတာကြောင့် မဟာမိတ်တပ်ဖွဲ့ကသူတို့ရဲ့တပ်တွေကို အခေါက်တိုင်းပို့ပေးဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ပိုက်ဆံလည်းမနည်းဘူးကုန်တယ်။ အဲ့တော့ အများအားဖြင့်သားရဲတွေကိုအမဲလိုက်တာက အလွတ်မုဆိုးတွေများတယ်။ တစ်ယောက်တည်းဖြစ်ဖြစ် အဖွဲ့လိုက်ကြီးပဲဖြစ်ဖြစ် သေမှာမကြောက်သရွေ့ အမဲလိုက်တဲ့ထဲဝင်ပါလို့ရတယ်။
ပြီးတော့ သူတို့တွေလုပ်ရကိုင်ရအဆင်ပြေအောင် တပ်ဖွဲ့က သားရဲကြီးတွေပေါ်လာမယ့်နေရာကိုကြိုတင်ခန့်မှန်းပြီး ထောင်ချောက်ဆင်မန္တန်ချတာတော်တဲ့ ဒါမှမဟုတ် ထောင်ချောက်အစွမ်းရှိတဲ့ နတ်ဘုရားမျိုးနွယ်တွေကို အလုပ်ခေါ်ယူကြိုတင်စေလွှတ်ပေးထားတယ်။ အဲ့ဒီနတ်ဘုရားမျိုးနွယ်ကသူတွေက သားရဲကြီးကိုလွတ်လွတ်လပ်လပ် ထွက်ပြေးလို့မရအောင် ဂါထာမန္တန်တွေနဲ့တားပေးတယ်။
DU LIEST GERADE
ငါ့ဖေဖေကစကြဝဠာတစ်ခုလုံးရဲ့မင်းသားချောလေးပဲ ( မြန်မာဘာသာပြန် )
Humorကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 ကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 please don't reupload my works :') Myanmar translated by Jue🌸